Why mental health is important?
စိတ်ကျန်းမာရေး ဆိုတာကတော့ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံနိုင်မှုတွေ ပါဝင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အခြေအနေတွေ ဟာ ကျွန်မတို့ရဲ့ခံစားပုံ၊ တွေးတောပုံနဲ့ ပြုမူပုံတွေအပေါ် သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒီလိုမျိုး ကျွန်မတို့ရဲ့အတွေးတွေ၊ ပြုမူပြောဆိုပုံတွေ အပေါ်ကို လွှမ်းမိုးမှု ရှိတာကြောင့် စိတ်ကျန်းမာရေးဟာ နေ့စဥ္ဘဝမှာ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။