Mindfulness Meditation ဆိုတာဘာလဲ?

Mindfulness meditation ဆိုတာ ကတော့ ကိုယ့်ရဲ့စိတ်ကဘယ်တွေတွေးနေလဲ၊ emotion တွေဘယ်လိုဖြစ်နေလဲ စတာတွေကို ကောင်းခြင်းဆိုခြင်း ဝေဖန်မှု မပါပဲနဲ့ လေ့လာတာလို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ တကယ်တော့တရားထိုင်ခြင်း meditation ဆိုတာ စိတ်ကိုအာရုံစုစည်းပြီး မိမိကိုယ်ကို နဲ့ ပတ်၀န်းကျင်ကို ပိုပြီး ကိုယ့်ဖာသာ သတိထားမိအောင်လုပ်ခြင်းပါပဲ။

Mindfulness meditation ဆိုတာကတော့ ကိုယ့်ရဲ့စိတ်ကဘယ်တွေတွေးနေလဲ၊ emotion တွေဘယ်လိုဖြစ်နေလဲ စတာတွေကို ကောင်းခြင်းဆိုခြင်း ဝေဖန်မှုမပါပဲနဲ့ လေ့လာတာလို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ တကယ်တော့တရားထိုင်ခြင်း meditation ဆိုတာ စိတ်ကိုအာရုံစုစည်းပြီး မိမိကိုယ်ကိုနဲ့ ပတ်၀န်းကျင်ကို ပိုပြီး ကိုယ့်ဖာသာ သတိထားမိအောင်လုပ်ခြင်းပါပဲ။ ကိုယ့်ရဲ့ eternal mind၊ အတွေးတွေ၊ ခံစားချက်တွေကို attachment မပါပဲနဲ့သူ့ဖြစ်နေတဲ့အတိုင်းလေးကို ဒီတိုင်းလေး pass by ဖြစ်သွားတာကိုကြည့်တာလို့လည်း သတ်မှတ်လို့ရပါတယ်။

ဘာကြောင့် Mindfulness Meditation လုပ်သင့်သလဲ?

အားလုံးသိထားပြီးတဲ့အတိုင်းပါပဲ တရားထိုင်တယ်ဆိုတာ ကိုယ့်စိတ် calm ဖြစ်တယ်၊ stress တွေ tension တွေအနည်းနဲ့အများလျှော့သွားပါတယ်။ အဓိက အချက်ကတော့ဒါကြောင့် meditation လုပ်ကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် လူတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးထွက်ပါတယ်။ အဲဒီဟော်မုန်းကြောင့် ခီမိုကိုင်းအစရှိတဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ဆက်တိုက်ထွက်လာစေပါတော့တယ်။ အဲဒီအခါ အိပ်မရတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပူပန်မှုများတာ၊ သွေးတိုးတာ၊ အားအင်ကုန်ခမ်းမောပန်းတာနဲ့ ဘာမှတွေးမရ အာရုံစိုက်မရဖြစ်တာတွေ ကြုံရစေပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ တရားထိုင်တဲ့သူတွေမှာတော့ ဒီလိုဓာတ်ပစ္စည်းတွေထုတ်လွှတ်မှုကို နည်းစေပါသတဲ့။

(၁) စိတ်ကိုနေထိုင်ကောင်းစေတယ်။
တရားထိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုမြင်တဲ့ အမြင်ကိုပိုကောင်းစေတဲ့အပြင် ဘ၀ကိုအပေါင်းလက္ခဏာဖက်က ပိုရှုမြင်တတ်စေပါတယ်။ လူပေါင်း လေးထောင့်ခြောက်ရာကို ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ mindfulness meditation ဆိုတဲ့ တရားထိုင်ခြင်းဟာ စိတ်ဓာတ်ကျရောဂါကို သက်သာစေပြီး အကောင်းမြင်စိတ် တိုးပွားစေပါတယ်။

(၂) အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ မေ့လျော့ခြင်းကို လျော့နည်းစေတယ်။
အာရုံစူးစိုက်မှုနဲ့ စဉ်းစားဆုံးဖြတ်ရာမှာ ပြတ်သားကြည်လင်ခြင်းတွေဟာ ယျေဘူယျအားဖြင့် ငယ်ရွယ်စဉ်မှာပဲ ရရှိတတ်တာပါ။ ဒါပေမယ့် လေ့လာမှုဆယ့်နှစ်ခုအရ တရားထိုင်ခြင်းဟာ အာရုံစူးစိုက်မှု၊ ဥာဏ်ရည်နဲ့ လျှင်မြန်စွာ ဆုံးဖြတ်နိုင်စွမ်းကို တိုးတက်စေကြာင်းတွေ့ရပါတယ်။ အသက်အရွယ်ရလို့ ပုံမှန်မေ့လျော့ခြင်းတွေအတွက် တရားထိုင်ခြင်းက အကျိူးများစေပါတယ်။

(၃) အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးစွဲလန်းခြင်းကိုလျော့နည်းစေတယ်။
တရားထိုင်တဲ့အခါ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေချမှတ်ရတဲ့အတွက် ကိုယ့်ကိုယ်ကို ထိန်းသမ်းနိုင်စွမ်းတိုးတက်လာစေပါတယ်။ သုတေသနတွေအရ တရားထိုင်ခြင်းဟာ လူတွေရဲ့အာရုံကို စုစည်းစေပြီး စိတ်စွမ်းအင်ကိုတိုးမြှင့်စေကာ မိမိရဲ့ စိတ်ခံစားချက် စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ပြီး မကောင်းမှုတွေကို စွဲလန်းနေခြင်းရဲ့အကြောင်းတရားတွေကို ကိုယ့်ကိုယ်ကို ပိုမြင်လာစေပါတယ်။မူးယစ်ဆေးစွဲလန်းသူတွေမှာဖြစ်တတ်တဲ့ ယင်းထခြင်းနဲ့ ယင်းထခြင်းကြောင့်ဖြစ်တတ်တဲ့ ဖိစီးမှုတွေကိုလည်း ပိုပြီးလျော့နည်းလာစေပါတယ်။

Mindfulness meditation လုပ်တော့မယ်ဆို ဘာတွေလိုလဲ?

ဘာမှမလိုပါဘူး၊ commitment တစ်ခုပဲလိုပါတယ်။ ပထမဉီးဆုံး သက်တောင့်သက်သာရှိတဲ့နေရာတစ်နေရာရွေးလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ ခြေထောက်အနေအထားကိုလည်း အဆင်ပြေတဲ့ပုံစံ ထိုင်လိုက်ပါ၊ လက်ကို ပေါင်ပေါ်ပဲဖြစ်ဖြစ်၊ ခြေထောက်ပေါ်ပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာထားလိုရပါတယ်။

ခုမှတကယ့် အပိုင်းက စမှာပါ။
ကိုယ့်ရဲ့ ဝင်လေ၊ ထွက်လေကို focus လုပ်ပါ။ ဝင်လေရှုလိုက်တယ် ၁ ကနေ ၅ အထိ စိတ်ထဲကရေလိုက်ပါ။ ကြားထဲမှာ အသက်အောင့်ထားတဲ့ အချိန်မှာလည်း ၁ ကနေ ၅ အထိ ရေမယ်။ ရှူထုတ်လိုက်တဲ့ အချိန်မှာလည်း ၁ ကနေ ၅ အထိ ရေရပါမယ်။

ဒီတိုင်းပုံမှန်လုပ်နေရင်းကနေ စိတ်က ကိုယ်သတိမထားလိုက်မိခင်၊ အာရုံတစ်ချက်လွှတ်သွားတာနဲ့ တစ်ခြားတစ်ခုကိုရောက်သွားပါလိမ့်မယ်။ အဲ့ရောက်သွားတဲ့ချိန်မှာ အတွေးကို အတင်းမောင်းမထုတ်ဘဲ ဒီတိုင်းလေး ကြည့်နေမြင်နေပေးပါ။ အော်…ငါဒါတွေးနေတာပဲ။
ဒီအတွေးက ကောင်းတယ်၊ ဆိုးတယ် ဆိုတာမျိုးလည်း မဆုံးဖြတ်ပါနဲ့။ လိုက်ပြီး ခံစားမနေပါနဲ့။
ကိုယ့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို စိတ်ခံစားချက်မပါဘဲ ဒီတိုင်းလေးပဲ သက်တောင့်သက်သာ ကြည့်နေလိုက်ပါ။

ပြီးရင်တော့ ကိုယ်စိတ် ကျေနပ်တဲ့အချိန်ရောက်ပြီဆိုရပ်လိုက်လို့ရပါပြီ။ အချိန်ဘယ်လောက်ကြာကြာ ထိုင်ရမယ်ဆိုတဲ့အရာကအရေးမကြီးပါဘူး။ ထိုင်တဲ့အချိန်မှာ ကိုယ့်စိတ် အမှန်တကယ် အေးချမ်းသွားဖို့ပဲ လိုပါတယ်။ စစချင်းမှာ ကိုယ်ထိုင်နိုင်သလောက် ၅ မိနစ် ၁၀ မိနစ်ကနေ စမ်းထိုင်ကြည့်ပြီး နောက်ပိုင်း အလေ့အကျင့်ဖြစ်သွားရင် တဖြည်းဖြည်း တိုးသွားနိုင်ပါတယ်။ နေရာကလည်း ဘုရားစင်ရှေ့မှ တရားရိပ်သာမှာမှရယ်လို့ မရှိပါဘူး.။ ကိုယ်လက်သန့်စင်ပြီး ကိုယ်ထိုင်ရတာ သက်တောင့်သက်သာ ရှိမယ့်နေရာ ဉပမာ အိပ်ရာပေါ်၊ ဝရန်တာဘက်ထွက်ပြီး စိတ်အေးလက်အေး တရားထိုင်လို့ရပါတယ်။

ဒါဆိုရင်တော့ Mindfulness Meditation လေးကိုပြီးဆုံးအောင်လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်။ ဘာသာရေးရှုထောင့်ကကြည့်ကြည့်၊ ကျန်းမာရေးရှုထောင့်ကကြည့်ကြည့် လောကီလောကုတ္တရာ၂ ဖြာလုံး အကျိုးရှိတာမလို့ တရားထိုင်ခြင်းကို စတင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်ရှင်။