(+95 9) 755 419 816

24/7 Customer Support

Thursday - Sunday

9:00 AM - 4:00 PM

[email protected]

Get In Touch

Author name: admin-sitta

𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ကြိုးကိုင်ခြယ်လှယ်ခြင်း သို့မဟုတ် မှိုင်းတိုက်ခံရခြင်းဆိုတာဘာလဲ?

𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ဆိုတဲ့ ကြိုးကိုင်ခြယ်လှယ်ခံရခြင်းဆိုတာကတော့ ကြိုးကိုင်မဲ့သူဟာ victim လို့ခေါ်တဲ့ ပစ်မှတ်ကို လှည့်စားပြီးတော့ မဟုတ်မမှန်တဲ့ ဖြစ်ရပ်တွေဖန်တီးပြီး ပစ်မှတ်ရဲ့ ခံယူချက်တွေ၊ အတွေးအမြင်တွေကို ဝေဝါးသွားအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ relationshipတွေမှာသာမကဘဲ မိသားစု၊ အလုပ်ပတ်ဝန်းကျင်တွေမှာပါ တွေ့ကြုံခံစားရလေ့ရှိပါတယ်။ ဒီလိုမျိုး 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု့တွေလဲရှိနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ဆိုတာ လူ၁ဦးရဲ့ အဖြစ်မှန်ပေါ် မြင်တဲ့အမြင်ကို ပျက်ပြားသွားစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်လို့ တစ်ယောက်ယောက်က ကိုယ့်ကို ဒီလို 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 လာလုပ်တဲ့အခါ အမှန်အတိုင်းဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှု့၊ အမှတ်တရတွေ၊ အဖြစ်အပျက်တွေနဲ့ ကိုယ့်ရဲ့ခံယူချက်တွေကို ပြန်တွေးပြီး “ငါများမှားနေပြီလား၊ ငါများ လွန်နေလား” စတဲ့ အတွေးမျိုးတွေ ဝင်လာတတ်ပြီး ကြာလာရင် နေ့စဥ္ဘဝကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ဖို့အတွက် […]

𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ကြိုးကိုင်ခြယ်လှယ်ခြင်း သို့မဟုတ် မှိုင်းတိုက်ခံရခြင်းဆိုတာဘာလဲ? Read More »

Attachment Styles လို့ခေါ်တဲ့ တွယ်တာမှုပုံစံ(၄)မျိုး

တချို့လူတွေဟာ ပေါင်းသင်းဆက်ဆံရေးတွေမှာ သိပ်တွယ်ကပ်လွန်းအားကြီးပြီး တချို့လူတွေဟာ ပေါင်းသင်းဆက်ဆံရေးတွေမှာ အေးတိအေးစက်နိုင်ကြတာ ဘာကြောင့်ဖြစ်နိုင်မလဲ? Attachment Theory အရတော့ ဒါဟာ ကျွန်မတို့တစ်ယောက်ချင်းစီမှာ မတူညီတဲ့ တွယ်တာမှုပုံစံတွေ ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။

Attachment Styles လို့ခေါ်တဲ့ တွယ်တာမှုပုံစံ(၄)မျိုး Read More »

The impact of social media on mental health

Social Mediaအသုံးပြုမှု ဟာ Depression(စိတ်ဓာတ်ကျခြင်း), Anxiety(စိုးရိမ်ပူပန်ခြင်း) နဲ့ Loneliness(အထီးကျန်ခြင်း) စတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ သတိထားမိပါသလား?

လူသားတွေဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ နေရတဲ့ သတ္တဝါတွေဖြစ်တာကြောင့် ဘဝမှာ ပျော်ရွှင်ဖို့အတွက် အဖော်အပေါင်းလိုအပ်ပြီး မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခန်းကဏ္ဍဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို များစွာ အကျိုးသက်ရောက်စေပါတယ်။ ဒါ့ကြောင့် ယနေ့ခေတ်မှာတော့ ကျွန်မတို့ဟာ မိတ်ဆွေတွေကို အလွယ်တကူ စကားပြောနိုင်တဲ့ Facebook, Instagram, Twitterအစရှိတဲ့

The impact of social media on mental health Read More »

Resilience

ယခုကာလမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်တဲ့အတွက် စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကိုလဲ ခံစားနေကြရနိုင်ပါတယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုရှိသူတွေအတွက် အထောက်အကူဖြစ်စေမဲ့အရေးကြီးတဲ့ အရာများစွာရှိတဲ့ထဲကမှ Resilience လို့ ခေါ်တဲ့ ခံနိုင်ရည်ရှိဖို့ တည်ဆောက်ရမဲ့ အကြောင်းလေးကို တင်ပြပေးသွားပါမယ်ရှင့်။

Resilience Read More »

Why mental health is important?

စိတ်ကျန်းမာရေး ဆိုတာကတော့ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံနိုင်မှုတွေ ပါဝင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အခြေအနေတွေ ဟာ ကျွန်မတို့ရဲ့ခံစားပုံ၊ တွေးတောပုံနဲ့ ပြုမူပုံတွေအပေါ် သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒီလိုမျိုး ကျွန်မတို့ရဲ့အတွေးတွေ၊ ပြုမူပြောဆိုပုံတွေ အပေါ်ကို လွှမ်းမိုးမှု ရှိတာကြောင့် စိတ်ကျန်းမာရေးဟာ နေ့စဥ္ဘဝမှာ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။

Why mental health is important? Read More »