𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ကြိုးကိုင်ခြယ်လှယ်ခြင်း သို့မဟုတ် မှိုင်းတိုက်ခံရခြင်းဆိုတာဘာလဲ?

𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ဆိုတဲ့ ကြိုးကိုင်ခြယ်လှယ်ခံရခြင်းဆိုတာကတော့ ကြိုးကိုင်မဲ့သူဟာ victim လို့ခေါ်တဲ့ ပစ်မှတ်ကို လှည့်စားပြီးတော့ မဟုတ်မမှန်တဲ့ ဖြစ်ရပ်တွေဖန်တီးပြီး ပစ်မှတ်ရဲ့ ခံယူချက်တွေ၊ အတွေးအမြင်တွေကို ဝေဝါးသွားအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ relationshipတွေမှာသာမကဘဲ မိသားစု၊ အလုပ်ပတ်ဝန်းကျင်တွေမှာပါ တွေ့ကြုံခံစားရလေ့ရှိပါတယ်။ ဒီလိုမျိုး 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု့တွေလဲရှိနိုင်ပါတယ်။

အပေါ်မှာ ပြောခဲ့သလို 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ဆိုတာ လူ၁ဦးရဲ့ အဖြစ်မှန်ပေါ် မြင်တဲ့အမြင်ကို ပျက်ပြားသွားစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်လို့ တစ်ယောက်ယောက်က ကိုယ့်ကို ဒီလို 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 လာလုပ်တဲ့အခါ အမှန်အတိုင်းဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှု့၊ အမှတ်တရတွေ၊ အဖြစ်အပျက်တွေနဲ့ ကိုယ့်ရဲ့ခံယူချက်တွေကို ပြန်တွေးပြီး “ငါများမှားနေပြီလား၊ ငါများ လွန်နေလား” စတဲ့ အတွေးမျိုးတွေ ဝင်လာတတ်ပြီး ကြာလာရင် နေ့စဥ္ဘဝကို ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် ကြိုတင်ကာကွယ်ဖို့အတွက် 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 လုပ်ခံရတဲ့အခါ ဖြစ်လေ့ရှိတဲ့ အချက်တချို့ကို အောက်မှာဖော်ပြထားပါတယ်။

🔷 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ဘယ်လိုလုပ်လေ့ရှိကြလဲ?

✔️အမြဲလိုလို လိမ်လည်ပြောဆိုခြင်း

𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်သူတွေဟာ မကြာခဏဆိုသလို အဖြစ်မှန်ကို ဖုံးကွယ်လိမ်လည်လေ့ရှိတဲ့ Pathological Liarsတွေ ဖြစ်ကြပြီး Narcisstic ဆန်တဲ့ အပြုအမူတွေလဲ လုပ်လေ့ရှိကြပါတယ်။
တကယ်လို့ ကိုယ်ကသူလိမ်နေတယ်ဆိုတာကို သက်သေပြရင်တောင်မှ ဒီကိစ္စမဖြစ်ခဲ့ဖူးသလို လိမ်လည်ပြောဆိုပြီး “နင်ရူးနေပြီ၊ ဒါမျိုး မဖြစ်ခဲ့ဖူးဘူး” စတဲ့ စကားလုံးတွေနဲ့ပဲ ဆက်လက်လိမ်လည်လေ့ရှိပါတယ်။

✔️သိက္ခာချခြင်း

𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်သူတွေဟာ သင့်ရဲ့အတင်းအဖျင်းတွေကို သူများတွေဆီ ဖြန့်လေ့ရှိပြီး သင်ကပဲ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိနေတဲ့သူလိုလို ၊ မကောင်းတဲ့သူလိုလိုဖြစ်အောင် ပြောဆိုလေ့ရှိပြီး သနားတဲ့ပုံစံဖမ်းလေ့ရှိပါတယ်။ အကြောင်းမသိသူတွေဟာ သူတို့ရဲ့စကားတွေကို ယုံတတ်ကြပြီး Gaslighter တွေဘက်က ရပ်တည်လေ့ရှိကြပါတယ်။
ဒါ့အပြင် သင့်ကို တခြားသူတွေက မကောင်း မပြောကြပေမဲ့ သင့်ရဲ့စိတ်ထဲမှာ တခြားသူတွေကသူ့ကို မကောင်းမြင်ပြီး အပြစ်လိုက်ပြောနေတယ်ဆိုတဲ့ အတွေးတွေ ဝင်အောင် လိမ်လည်ပြောဆိုနိုင်ပါသေးတယ်။

✔️အာရုံပြောင်းခြင်း

𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်သူတွေဟာ သူတို့ကို ကိစ္စတစ်ခုခုနဲ့ပက်သက်ပြီး အမှန်ကို​မေးတဲ့အခါ ဖြေလေ့မရှိဘဲ တခြားမေးခွန်းတစ်ခုပြန်မေးပြီး အကြောင်းအရာကို လမ်းလွှဲလေ့ရှိပါတယ်။

✔️သင့်ရဲ့အတွေးနဲ့ခံစားချက်များကို ချုပ်ကိုင် မှိုင်းတိုက်ခြင်း

ကိုယ့်အတွေးတွေဟာ ပုံမှန်တုံ့ပြန်မှု့တွေဖြစ်ပေမဲ့ 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်သူတွေကတော့ ကိုယ်က sensitiveဖြစ်လွန်းပြီး ခံစားလွယ်နေတာလိုလို၊ တုံ့ပြန်မှု့လွန်ကဲနေတာလိုလိုတွေဖြစ်အောင် ပြောတတ်လေ့ရှိပါတယ်။ ဒါမျိုးတွေကြုံရပါများလာတဲ့အခါ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်၊ ရှက်စိတ်တွေ ဝင်လာပြီး အထီးကျန်မှု့ကို ခံစားရနိုင်ပါတယ်။

✔️ပြောင်းလဲအပြစ်တင်ခြင်း
ပြောင်းလဲအပြစ်တင်ခြင်းဆိုတာကတော့ သင်က သူတို့အမှားတွေကို ပြောပြတဲ့အခါ သင်မလုပ်တဲ့ အမှား ဒါမှမဟုတ် သင့်ရဲ့အားနည်းချက်ကိုပဲဖြစ်ဖြစ် ပြောင်းလဲပြီး ပြန်လည် အပြစ်တင်တာမျိုးဖြစ်ပါတယ်။
(𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်ရာမှာ ဒီအချက်တွေအပြင် တခြားအချက်တွေလဲကျန်ရှိပါသေးတယ်။ )

 

🔷 Sings of 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠(𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်ခံရတဲ့လက္ခဏာများ)

☑️အမှန်တရားနဲ့ ကိုယ့်ရဲ့အတွေးခံစားချက်တွေကို သံသယဖြစ်လာခြင်း

☑️ကိုယ့်ရဲ့ခံယူချက်တွေကို မေးခွန်းပြန်ထုတ်ပြီး မယုံမကြည်ဖြစ်လာခြင်း၊ ကိုယ့်ရဲ့ ထင်မြင်ချက်ကို ထုတ်ပြောခြင်းဟာ ပိုဆိုးသွားနိုင်လို့တွေးပြီး ကြောက်၍ နှုတ်ဆိတ်နေတတ်ခြင်း

☑️စိတ်လုံခြုံမှု့မရှိသလိုခံစားရပြီး Self esteemလို့ခေါ်တဲ့ မိမိကိုယ်ကို လေးစားမှု့ ပျောက်ဆုံးခြင်း

☑️ 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်သူရဲ့ စကားတွေကြောင့် ပတ်ဝန်းကျင်က လူတွေဟာ ကိုယ့်ကို မကောင်းမြင်နေတယ်လို့ထင်တာကြောင့် အထီးကျန်ပြီး ဘာမှလုပ်ချင်စိတ်မရှိတော့ခြင်း

☑️အမြဲလိုလို စိတ်ရူပ်နေတတ်ခြင်း

☑️ ပတ်ဝန်းကျင်ကလူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေပေမဲ့လဲ ကိုယ့်ကိုကိုယ်မလုံလောက်ဘူးလို့ ခံစားရခြင်း

☑️အတိတ်ကအဖြစ်အပျက်တွေကို မကြာခဏ ပြန်တွေးပြီး မှတ်မိနေရင်တောင် ပြန်ပြောပြဖို့ မှားမှာကို ကြောက်နေတတ်ခြင်း

☑️ကိုယ်ဘာလုပ်လုပ် တခြားသူတွေက စိတ်ပျက်နေတယ်လို့ ထင်တတ်ကြခြင်း

☑️ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတာကြောင့် ဆုံးဖြတ်ချက်တစ်ခုချဖို့ အလွန်ခက်ခဲတတ်ခြင်း စတာတွေ ဖြစ်လေ့ရှိပါတယ်။

 

𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်ခံရတဲ့အခါ စိုးရိမ်စိတ်ဝင်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ တခြား စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်နိုင်တဲ့အပြင် သတ်သေဖို့ပါ ကြိုးစားတတ်ကြလို့ ဂရုပြုကြဖို့ အရေးကြီးပါတယ်။

⛽️ 𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်ခံရတဲ့ အခါ ဘယ်လို ပြုမူမလဲ?

Relationshipတွေမှာ ဒီလိုမျိုး ဖြစ်ရပ်တွေကြုံနေရပြီဆိုရင်တော့ –

🍀Break ယူပါ။
Breakယူလိုက်ခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ ခံစားမှု့တွေကိုလျော့ကျစေနိုင်တဲ့အပြင် မိမိကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ အချိန်လဲရစေမှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုစေမဲ့ အသက်ရူလေ့ကျင့်ခန်းတွေလဲ ပြုလုပ်သင့်ပါတယ်။

🍀သက်သေအထောက်အထားများကို သိမ်းဆည်းပါ။
𝐆𝐚𝐬𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠 ပြုလုပ်သူဟာ လိမ်တာတွေ၊ မေးခွန်းပြန်ထုတ်ပြီး ဝေဝါးအောင်ပြုလုပ်နိုင်တာတွေကြောင့် သူနဲ့ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကို သက်သေနဲ့တကွသိမ်းဆည်းထားပါ။ ဒီလိုလုပ်ခြင်းက နောက်ပိုင်းမှာ သင့်ကိုယ်သင် သံသယမဝင်ဖို့နဲ့ “ငါ ဘာမှားနေလဲ”ဆိုတဲ့ မေးခွန်းမျိုးတွေ ပြန်မမေးမိအောင် အထောက်အကူပြုစေမှာပါ။

🍀မိတ်ဆွေသူငယ်ချင်း၊ ကျွမ်းကျင်သူရဲ့ အကူအညီ ရယူပါ။
ကိုယ်ခံစားနေရတဲ့ အကြောင်းအရာကို ကိုယ်ယုံကြည်ရတဲ့ တစ်ခြားတစ်ယောက်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သူတို့ရဲ့အမြင်ဟာ မိမိအတွက် အထောက်အပံ့တစ်ခု ဖြစ်နိုင်ပါတယ်။

🍀ဆက်ဆံရေးကို အဆုံးသတ်ပါ။
ဒါဟာ ခက်ခဲနိုင်ပေမဲ့ ကိုယ့်ကို ကြိုးကိုင်ခြယ်လှယ်ပြီး စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု့ပြုလုပ်သူနဲ့ ဆက်ဆံရေးကို အဆုံးသတ်တာဟာ အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။

ဒီနည်းလမ်းတွေအပြင် တခြားအသုံးဝင်စေမဲ့ နည်းလမ်းတွေလဲရှိပါသေးတယ်။
ကိုယ့်ရဲ့daily lifeကို ထိခိုက်စေနိုင်တဲ့အထိ အနှောက်အယှက်ပေးနေပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ professionalတွေနဲ့တွေ့ဆုံပြီး အကူအညီယူလို့ရပါတယ်။