Hypervigilance

🔍သင်ဟာ လူတွေ ကိုယ့်ကိုဘယ်လိုထင်မလဲလို့ အမြဲတွေးနေတတ်တဲ့ သူတစ်ယောက်လား၊ ပြောခဲ့တဲ့စကားတွေကို စိတ်ထဲမှာ ပြန်စဉ်းစားပြီး လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေကိုပါ သတိထားမိတတ်သူလား။
ဒီလို အမြဲလိုလိုဖြစ်နေတတ်ပြီး Symptoms​တွေနဲ့ပါ ကိုက်ညီနေမယ်ဆိုရင်တော့ ဒါကို Hypervigilance လို့ခေါ်ပါတယ်။

⚠️ Hypervigilance ဆိုတာကတော့ ငယ်စဉ်ကလုံခြုံမရှိဘဲ ခန့်မှန်းရခက်တဲ့ ဖရိုဖရဲပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာခဲ့ရသူတွေရဲ့အာရုံကြောစနစ်ဟာ အရာရာကို သတိအလွန်ထားပြီး Alertပေးတတ်ခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာကတော့ Amygdalaလို့ခေါ်တဲ့ ဘေးအန္တရာယ်တွေကိုပဲမှတ်ယူတဲ့ ဦးနှောက်အစိတ်အပိုင်းဟာ အလွန်Activeဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Amygdalaဟာ ပတ်ဝန်းကျင်မှာ တကယ်ရှိမနေတဲ့ ဘေးအန္တရာယ်တွေကိုပါ မှတ်တမ်းယူသိမ်းဆည်းနိုင်တာကြောင့် Hypervigilance ရှိသူတွေဟာ တကယ်မရှိတဲ့ အန္တရာယ်တွေကိုပါ တွေးပြီး အမြဲသတိထားကာ စိုးရိမ်နေတတ်ကြပါတယ်။
Researchတွေအရ Childhood Traumaရှိသူတွေဟာ ဘယ်ဘက်မှမနေတဲ့ ဘက်မလိုက်သူတွေဖြစ်ကြပြီး ရန်လိုတဲ့မျက်နှာထားမျိုးကို ဖော်ပြလေ့ရှိတယ်လို့လဲ တွေ့ရှိရပါတယ်။
Hypervigilance ဖြစ်ရတာဟာ အခုဖော်ပြမဲ့ ကလေးဘဝမှာ ကြုံရတဲ့ အဖြစ်အပျက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

❗️ ဒေါသစက်ဝန်းထဲမှာ အမြဲပိတ်နေတဲ့ မိဘမျိုးနဲ့ ကြုံရခြင်း။
❗️ အရက်စွဲခြင်းကဲ့သို့သော စွဲလန်းလွန်ပြဿနာရှိတဲ့ မိဘများနဲ့ ကြုံခဲ့ရခြင်း။
❗️ Bullyအမြဲလုပ်ခံခဲ့ရခြင်း။
❗️ အမြဲလိုလို အရှက်ကွဲခြင်းကို ခံစားခဲ့ရခြင်း။
❗️ အာဏာရှင်ဆန်တဲ့ ပြစ်ဒဏ်ပေးမှုတွေကို ခံခဲ့ရခြင်း။
❗️ Silent Treatmentအသုံးပြုတဲ့ မိဘတွေနဲ့ ကြီးပြင်းခဲ့ရခြင်း။
❗️ ကိုယ့်ရဲ့အသွင်အပြင်​ကို မိဘတစ်ဦးဦးစီကနေ မထီမဲ့မြင်ပြုခံရခြင်း၊လှောင်ပြောင်ခံခဲ့ရခြင်း။
❗️ အိမ်တွင်းအကြမ်းဖက်မှုနဲ့ အိမ်ထောင်ရေးအလွန်အဆင်မပြေသော မိဘတွေနဲ့ ကြုံခဲ့ရခြင်း။
❗️ ကလေးဘဝမှာ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်ခံရမှု နည်းပါးခဲ့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ယခုအချက်တွေဟာ ခဏတာ ကြုံခဲ့ရခြင်းမဟုတ်ဘဲ ဘဝတစ်လျှောက်လုံး အမြဲလိုလို ကြုံခဲ့ရတဲ့အခါမှသာ Hypervigilance ဖြစ်စေဖို့အတွက် သက်ရောက်မှု ဖြစ်စေပါတယ်။ ဒီကနေမှတစ်ဆင့် C-PTSD ကို ဖြစ်ပေါ်စေပါတယ်။

⚠️ C-PTSDကတော့ ဘဝတစ်လျှောက်လုံးကို အကျိုးသက်ရောက်စေနိုင်ပါတယ်။
သူ့ရဲ့ လက္ခဏာတွေဟာ- လူအများနဲ့ဆက်ဆံရတဲ့အခါ စိတ်မသက်မသာဖြစ်ခြင်း၊ တကယ်မဟုတ်ပေမဲ့ အခြားသူတွေက အန္တရာယ်ပေးမယ်ဆိုတဲ့ ခံစားချက်ဝင်နေခြင်း၊ လူတွေက သင့်အပေါ်ဘယ်လိုမြင်မလဲဆိုတဲ့အတွေးကို စွဲလန်းလွန်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ သင့်ရဲ့ကိုယ်တွင်းမှာရှိတဲ့ အန္တရာယ်အတွက် သတိပေးမှုစနစ်ဟာ အလွန်Activeဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

Hypervigilance ရှိသူတွေရဲ့ အချစ်ရေးဟာ ပုံမှန်အားဖြင့် အောက်ပါအချက်တွေ တွေ့ရလေ့ရှိပါတယ်။
🟥 စွန့်ပစ်ခံရမှာ ကြောက်ရွံ့ခြင်း။
🟥 လက်တွဲဖော်က သင့်ကို အမြဲစိတ်ဆိုး၊ စိတ်ခုနေတယ်လို့ အမြဲထင်ခြင်း။
🟥 လက်တွဲဖော်က အဆင်ပြေပါတယ်ပြောထားရင်တောင် အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းကို ခဏခဏမေးခြင်း။
🟥 နေရာတကာစုံစမ်းစပ်စုပြီး လက်တွဲဖော်ရဲ့ Boundariesတွေကို ချိုးဖောက်ခြင်း။
🟥 လက်တွဲဖော်ရဲ့ အပြုအမူတွေကို ထိန်းချုပ်ခြင်း။
🟥 သင့်ရဲ့ လက်တွဲဖော်ကို သူတို့ရဲ့အချစ်နဲ့ပက်သက်ပြီး အမြဲလိုလို သက်သေပြခိုင်းတတ်ခြင်း။
🟥 လက်တွဲဖော်နဲ့အတူမရှိချိန်မှာ ခွဲရမှာကြောက်တဲ့စိုးရိမ်စိတ်ကြောင့် အရာရာကို အာရုံမစိုက်နိုင်ခြင်း။
🟥 ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာကို အလွန်ငတ်မွတ်ခြင်း။

လူအများစုဟာ အစားအစာ၊ အရက်၊ မူးယစ်ဆေးဝါး စတဲ့ အရာတွေအပေါ်ကို Hypervigilanceရဲ့ ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းစိတ်တွေကနေ လွတ်မြောက်ဖို့ ကြိုးပမ်းကြလေ့ရှိပါတယ်။ ဒါ့ကြောင့် စွဲလမ်းမှုတွေ သက်သာစေဖို့အတွက် ရောဂါကို ထိန်းဖို့ထက် အာရုံ​ေကြာစနစ်ကို ထိန်းချုပ်ဖို့ ပိုအားစိုက်တာဟာ ပိုပြီးသင့်တော်စေပါတယ်။

အကယ်၍ Hypervigilance ဖြစ်စေတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရဖူးတယ်ဆိုရင်တော့ သင်အဆင်ပြေရင် Commentမှာ မျှဝေပေးသွားလို့ ရပါတယ်နော်။ ဒီလိုအဖြစ်အပျက်တွေကို တိတ်တိတ်လေးခံစားခဲ့ရဖူးသူတွေ အများကြီးရှိနေမှာ သေချာပါတယ်။ ဘာတွေပဲဖြစ်နေနေ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ ဆက်ပြီး အားတင်းထားပါနော်။

🍀နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukha Page ရဲ့ Page cbမှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #mentalhealth #wellbeing #tauma #hypervigilance #cptsd #childhoodtrauma #psychology #yangon #myanmar #mandalay