Trigger ဖြစ်နေစဥ်မှာ နောင်တရမဲ့ အရာတွေ မပြောမိ မလုပ်မိအောင် ဘယ်လို လေ့ကျင့်ကြမလဲ?

🕸️ Trigger ဆိုတာကတော့ အရင်ကရှိခဲ့တဲ့ ကိုယ့်ရဲ့ ဒဏ်ရာတွေကို ဖုံးထားတဲ့အရာတွေကို ဖယ်ပေးလိုက်တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်အရင်တုံးက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ဖြစ်ရပ်တွေပေါ် မူတည်ပြီးတော့ Triggerဖြစ်စေတဲ့ အကြောင်းအရာတွေဟာ လူတစ်ယောက်ချင်းစီ အတွက် မတူညီနိုင်ပါဘူး။

🕸️ Trigger ဖြစ်တဲ့အခါ အတိတ်က ဖြစ်ရပ်တွေကို ပြန်လည်ကြုံတွေ့သလို ခံစားရတာ​ေကြာင့် လတ်တလောအခြေအနေနဲ့ မကိုက်ညီတဲ့ တုံ့ပြန်မှုတွေကိုလည်း တုံ့ပြန်တတ်လေ့ရှိပါတယ်။ ဒါ့ကြောင့် Trigger ဖြစ်တဲ့အချိန်မှာ တစ်ခါတစ်လေ ကလေးလို ပြုမူမိတာတွေဟာ ငယ်စဥ္က ဖြစ်ရပ်တွေ ပြန်ပေါ်လာတတ်တာ​ကြောင့်လည်း သက်ဆိုင်နေပါတယ်။ ဒီလိုဖြစ်တာကိုတော့ Regression လို့ ခေါ်ပါတယ်။

🔺 Trigger ဖြစ်စေဖို့အတွက် တွေ့ရများတဲ့ အ​ချက် (၅)ချက် ရှိပါတယ်။

  1. ဝေဖန်ခံရခြင်း
  2. တစ်ဦးတည်း အထီးကျန်ခြင်း
  3. တစ်ယောက်ယောက်ကို ဒေါသစိတ်နဲ့ မြင်ခြင်း
  4. ဒုက္ခရောက်ပြီး ခက်ခဲနေတဲ့သူတွေကို မျက်မြင် ကိုယ်တိုင် မြင်တွေ့နေရခြင်း
  5. ဖိအားများခြင်း၊ ဒါမှမဟုတ် ထိန်းချုပ်ခံထားရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

🕸️ Triggerတွေကို တုံ့ပြန်တဲ့ပုံစံတွေကတော့ ကိုယ့်ရဲ့အာရုံကြောစနစ်နဲ့ အလိုအလျောက်တုံ့ပြန်မှုတွေ အပေါ် မူတည်နေတတ်ပါတယ်။ အဲ့ဒါတွေကတော့ ကြားဖူးနေကြဖြစ်တဲ့ Flight Response, Fight Response, Freeze Response တို့ပဲ ဖြစ်ပါတယ်။

🕸️ Triggerဖြစ်တဲ့အခါ စိတ်ခံစားချက်တွေဟာ အထိမခံနိုင်လောက်အောင် ပြည့်လျှံနေတတ်လေ့ ရှိပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ Triggerဖြစ်တဲ့အခါ ကျွန်မတို့ဟာ ဦးနှောက်ရဲ့ ယုတ္တိကျကျတွေးတတ်တဲ့ အပိုင်းကို မရောက်နိုင်တော့ဘဲ စဥ္းစားနိုင်စွမ်းနဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်စွမ်းတွေ ရရှိဖို့ ခက်ခဲတတ်တာပဲ ဖြစ်ပါတယ်။

Trigger ဖြစ်တဲ့အခါ ဘယ်လို ရင်ဆိုင်ကြမလဲ💭

✅ ကိုယ့်စိတ်ကို စတင် ဝေဖန်ဆန်းစစ်ပါ။
သင့်စိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို စဥ်းစားပြီး ဘာကြောင့်ဆိုတာကို ခေါင်းစပ်ပါ။ အခုလို ပြုလုပ်ခြင်းကြောင့် Triggerကို တုံ့ပြန်မဲ့အစား ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ဘက်ကို ဦးတည်စေနိုင်ပါတယ်။

✅ ခဏ အချိန်ယူပါ။
Trigger ဖြစ်နေချိန်မှာ ကိုယ့်အတွက် ကိုယ်ရှိနေပေးဖို့လည်း အရေးကြီးပါတယ်။ (ဥပမာ ခဏ အချိန်ယူပြီး “ငါ Trigger ဖြစ်နေတယ်၊ အသက်ဝဝရူဖိူ့ လိုနေတာပဲ” စသဖြင့် ကိုယ့်ကိုကိုယ် စိတ်သက်သာရာရအောင် ပြောဆိုခြင်း။)

✅ Self Careအတွက် အချိန်ပေးပါ။
လမ်းလျှောက်ခြင်း၊ Journaling လုပ်ခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ငိုခြင်း အစရှိသဖြင့် ကိုယ့်ရဲ့ အာရုံကြောစနစ်ကို ထိန်းညှိပေးနိုင်မဲ့ အရာတွေကို ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။

✅ သတိပြန်ကပ်နိုင်ဖို့ ကြိုးစားပါ။
Trigger ဖြစ်တဲ့အခါမှာကြတော့ ကိုယ့်ကို စိတ်နဲ့လူနဲ့မကပ်အောင် ပြုလုပ်လိုက်သလို ဖြစ်စေတာကြောင့် Trigger ဖြစ်ပြီးတဲ့နောက် ကိုယ့်ပုံမှန်အခြေအနေ ပြန်ရောက်တဲ့အခါ ပိုမိုတွေးနိုင်ပြီး ဦးနှောက်နဲ့ကောင်းမွန်စွာ ဆက်သွယ်နိုင်လာနိုင်တာကို သတိပြုမိဖို့ လိုအပ်ပါတယ်။

✅ ရင့်ကျက်တဲ့ ပုံမှန်အခြေအနေနဲ့ တုံ့ပြန်ပါ။
ဒါကတော့ ကိုယ့်ကိုကိုယ် Confidence ရှိဖို့ ကြိုးစားတာလဲ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ စိတ်နဲ့လူနဲ့ သတိပြန်ကပ်ဖို့ ကြိုးစားပြီးတဲ့အချိန်မှာ အတွင်းစိတ်မှာ ရှိတဲ့ ကလေးလို တုံ့ပြန်မှုနဲ့တုံ့ပြန်လိုက်မဲ့အစား ရင့်ကျက်တဲ့ အရွယ်ရောက်ပြီးသားလူတစ်ယောက် ပုံစံနဲ့ တုံ့ပြန်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

🌈 နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukhaရဲ့ Page CB မှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #trigger #Anger