သင့်ရဲ့ Relationshipတွေမှာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ရရှိနေရဲ့လား?

နှစ်လိုဖွယ်ကောင်းပြီး လုံခြုံစိတ်ချရတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ဖို့အတွက် Emotional intimacy လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုဟာ အ​လိုအပ်ဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ချစ်သူနဲ့ပဲဖြစ်စေ၊ မိတ်ဆွေတွေနဲ့ပဲဖြစ်စေ စိတ်ပိုင်းဆိုင်ရာရင်းနှီးမှုရရှိချင်ရင်တော့ ယခုဖော်ပြပေးမဲ့ အချက်တွေကို လုပ်ကြည့်ခြင်းအားဖြင့် သင့်ရဲ့ အဆင်မပြေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေရှိခဲ့ရင် လုံးဝပြောင်းသွားစေနိုင်ပါတယ်။

Emotional intimacy ဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို နက်ရှိုင်းစွာ နားလည်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုမှာဆိုရင်တော့-
🟥 ထိခိုက်လွယ်သော အားနည်းချက်များကို မျှဝေခြင်း နဲ့
🟥 ရင်းနှီးသော အပြုအမူတွေကို လုပ်​ဆောင်ခြင်း ဆိုပြီး အပိုင်း (၂)ပိုင်း ရှိပါတယ်။

🔵 အားနည်းချက်တွေကို မျှဝေတဲ့အပိုင်းကတော့ သင့်ရဲ့လက်တွဲဖော်နဲ့ ပိုမိုလေးနက်တဲ့ နားလည်မှုတွေ ရရှိဖို့အတွက် ကူညီပေးတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။
သင့်အနေနဲ့ သူတို့ကို သင့်ရဲ့နာကျင်စရာတွေ၊ ပျော်ရွှင်စရာတွေကို မြင်စေ၊ ကြားစေပြီး ခံစားခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် Appreciate လုပ်ဖို့လဲ လိုအပ်ပါတယ်။
ထိခိုက်လွယ်တဲ့ အားနည်းချက်တွေကို မျှဝေမှု ပုံစံတွေကတော့-
⭐ အခုသင့်ရဲ့ပုံစံကို ဖြစ်လာစေတဲ့ အတိတ်ကသင့်ရဲ့အကြောင်းအရာတွေကို မျှဝေခြင်း။
⭐ စိုးရိမ်စိတ်တွေနဲ့ စိတ်မလုံခြုံမှုတွေကို ခံစားရတဲ့အခါ ရင်ဖွင့်ပြောဆိုခြင်း။
⭐ သင့်ကို အဆင်မပြေဖြစ်စေတဲ့ စကားအသုံးအနှုန်းတွေကို ပြောပြခြင်း။
⭐ သင့်ရဲ့ အချို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ လက်တွဲဖော်၂ဦးအနေနဲ့ မျှဝေသင့်တဲ့ အချက်အလက်တွေအတွက် မေးခွန်း အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။
🔑 ကလေးဘဝကတုံးကရှိခဲ့တဲ့ သင့်ရဲ့အကောင်းဆုံးနဲ့ အဆိုးဆုံးမှတ်ဉာဏ်ကဘာလဲ ဆိုတာ ဆွေးနွေးခြင်း။
🔑 သင့်လက်တွဲဖော်ဆီကနေ သင်လိုအပ်နေတဲ့ ဘယ်အရာကို ရရှိခဲ့ဖူးလဲဆိုတာနဲ့ ဘယ်အရာကို မရရှိခဲ့သလို ခံစားခဲ့ရလဲဆိုတာကို ဆွေးနွေးခြင်း။
🔑 ဘယ်လိုပုံစံ အချစ်ခံရတာကို သဘောကျလဲ ဆိုတာနဲ့ပက်သက်ပြီးဆွေးနွေးခြင်း။ (ဥပမာ- ကလေးလေးလို ဂရုစိုက်ခံရတာလား၊ ချွဲတာကို သဘောကျတာလား အစရှိသဖြင့်)
🔑 ဘယ်အချိန်မှာ ယုံကြည်မှုအရှိဆုံးနဲ့ လုံခြုံမှုအရှိဆုံးလို့ ခံစားရလဲ ဆိုတဲ့ အရာနဲ့ပက်သက်ပြီး ဆွေးနွေးခြင်း။
🔑 ဒီနှစ်မှာ သင် သင်ယူခဲ့ရတဲ့ အကြီးမားဆုံး သင်ခန်းစာနဲ့ ပက်သက်ပြီး ဆွေးနွေးခြင်း။
🔑 သင်ဘယ်သူနဲ့မှ မမျှဝေဖူးပေမဲ့ သင့်အတွက် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်တဲ့ အရာနဲ့ ပက်သက်ပြီး ဆွေးနွေးခြင်း။

🔵 နောက်တစ်ပိုင်း ဖြစ်တဲ့ ရင်းနှီးမှုကိုပြသတဲ့ လုပ်ဆောင်ချက်တွေဟာဆိုရင်တော့ သင့်အနေနဲ့ သင့်ရဲ့လက်တွဲဖော်ကို ထည့်စဉ်းစားပေးပြီး သူတို့ရဲ့ ရင်ဖွင့်မှုတွေ၊ အခက်အခဲတွေကို နားထောင်ပေးကြောင်း ပြသရာ ရောက်သလို နေ့စဉ်ဘဝမှာ အလုပ်တွေများနေပေမဲ့လည်း သင်တို့နှစ်ဦးဟာ အမြဲနီးနေတယ်ဆိုတဲ့ သဘောတရားကိုလည်း ပြသရာရောက်စေပါတယ်။
ရင်းနှီးမှုကို ပြသတဲ့ လုပ်ဆောင်ချက်တွေကတော့-
🔑 သင့်လက်တွဲဖော်အတွက် စျေးဝယ်ထွက်ဖို့ လိုအပ်တဲ့အရာလေးတွေနဲ့ မှာဖို့ရှိတဲ့ တချို့စကားလေးတွေကို Noteထုတ်ပြီး ​ေရခဲသေတ္တာလိုအရာမျိုးမှာ ကပ်ထားပေးခြင်း။
🔑 “ငါ့ဘဝမှာ မင်းရှိနေပေးလို့ ကျေးဇူးတင်ပါတယ်” စသဖြင့် Roဆန်သော စကားအချို့ကို ​Messageအဖြစ် ပို့ပေးခြင်း။
🔑 လက်တွဲဖော်အတွက်ဟင်းလျာများ ပြုလုပ်ခြင်း သို့မဟုတ် အိမ်အလုပ်များကို အတူတူပြုလုပ်ခြင်း။
🔑 အတူရှိနေချိန်မှာ အချို့အရာလေးတွေကို ဂရုတစိုက်နဲ့ အလိုက်တသိ ပြုလုပ်ပေးခြင်း။ (ဥပမာ- ထမင်းစားနေရင်း ဟင်းနည်းနေရင် ထည့်ပေးခြင်း)
🔑 Movie dateတစ်ခုကို ပြောင်းဖူးပေါက်ပေါက်စားရင်း အိမ်မှာ ပြုလုပ်ပေးခြင်း။
🔑 သင့်လက်တွဲဖော် ဝါသနာပါပြီး စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ပက်သက်ပြီး စာအုပ်ရှာဖွေပေးခြင်း။
သင့်အနေနဲ့ အခုဖော်ပြပေးခဲ့တဲ့ အချက်ထဲက အရာတွေကို အမြဲလိုလို ပြုလုပ်ပေးခြင်းအားဖြင့် နှစ်ဘက်စလုံးအတွက် စိတ်လုံခြုံမှု ရရှိပြီး နှစ်လိုဖွယ်ကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေး​ေတွကို ရရှိစေနိုင်ပါတယ်။

🍀နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukha Page ရဲ့ Page cbမှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #mentalhealth #emotionalintamicy #relationship #advise #couples #marriage #wellbeing #myanmar #yangon #mandalay #bangkok #singapore