3 Myths About Cheating

🔴 Cheatingလုပ်ခြင်းနဲ့ပက်သက်ပြီး မှားယွင်းစွာ သိရှိနေကြသော အချက်(၃)ချက်အကြောင်း

⚠️ 1. Cheating လုပ်ခြင်းဟာ Relationshipတွေကို ပျက်ပြားစေနိုင်တယ် ဆိုတဲ့ အယူအဆ
အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ရှိပြီးနောက် အချို့Relationshipတွေဟာ ယခင်ကထက် ပိုမိုခိုင်မာလာတတ်ပါတယ်။ ဒါဟာ ဖြတ်ကျော်ဖို့ ခက်ခဲတယ်လောက်ပေမဲ့ Coupleအများစုဟာ သူတို့ရဲ့ Relationshipကို အသစ်ပြန်စဖို့အတွက် အခွင့်အရေး တစ်ခုအဖြစ် သတ်မှတ်ပြီး အတူတူ ပြန်လည်ကြိုးစားတတ်ကြပါတယ်။

🗝️ ဒီလိုအခွင့်အရေးတစ်ခုအဖြစ် ပုံဖော်နိုင်ဖို့အတွက်ကတော့ အချိန်အပိုင်းအခြားတစ်ခု၊ ကြိုးစားအားထုတ်မှု၊ Couple Counselingစတဲ့ အရာတွေအပြင် နှစ်ဘက်လုံးက ဒါမျိုး ထပ်မဖြစ်ဖို့ သေချာပေါက် အာမခံထားပြီး ကိုယ်အာမခံထားသလို ပြုမူနေတာမျိုး ရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် Cheatingလုပ်ခဲ့သူအနေနဲ့ Emotional Roller Coasterကို နားလည်လက်ခံပြီး ကိုယ့်လက်တွဲဖော်ရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့အတွက် ပိုမိုအားထုတ်ပေးဖို့ကတော့ လိုအပ်ပါတယ်။

⚠️ 2. Cheatingလုပ်တဲ့ ယောင်္ကျားတွေဟာ လက်တွဲဖော်ကို မချစ်တော့တာကြောင့် ဆိုတဲ့ အယူအဆ
အမျိုးသားအများစုဟာ လက်တွဲဖော်ဆီကနေပြီးတော့ သူတို့ကို လိုအပ်မှု၊အားကိုးမှု၊ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု စတဲ့အရာတွေ ခံစားရရှိဖို့ လိုအပ်တတ်ကြပါတယ်။ အမျိုးသားတွေဟာ အချစ်ခံချင်နေပေမဲ့လည်း အမျိုးသမီးတွေလိုမျိုး ကိုယ့်လက်တွဲဖော်ဆီကနေ အချစ်ခံရဖို့ လိုအပ်​နေတဲ့ပုံစံမျိုး မပြသတတ်ကြတာ​ များပါတယ်။ ဒါ့ကြောင့်ပဲ အမျိုးသားအချို့ဟာ သူတို့ရဲ့ လက်တွဲဖော်နဲ့ ကလေးတွေကို ချစ်ခင်ပေမဲ့ ထုတ်ဖော်ပြသဖို့ ရှောင်ရှားရင်း သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် Cheating လုပ်တတ်ကြတာမျိူးလဲ ရှိပါတယ်။

🗝️ ဒီလိုမဖြစ်ဖို့အတွက်ကတော့ အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ဒဏ်ရာတွေကို ကုစားဖို့၊ ရင်ဆိုင်ဖို့ ပြောပြတိုင်ပင်ဖို့ လိုအပ်တဲ့အပြင် ကိုယ့်ရဲ့ လိုအပ်ချက် ဆန္ဒတွေကိုပါ ထုတ်ဖော်ပြောဆို တတ်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။

⚠️ 3. တစ်ခါ ဖောက်ပြန်ဖူးသူဟာ အမြဲ ဖောက်ပြန်နေမှာပဲ ဆိုတဲ့ အယူအဆ
ဒီအချက်မှာတော့ Sexအလွန်အကျွံ စွဲလမ်းသူတွေကလွဲရင် Cheaterဖြစ်ဖူးသူအချို့ဟာ ဖောက်ပြန်ပြီးတဲ့နောက်မှာ နာကျင်ရနိုင်တဲ့ Emotional Hurricane ဒဏ်ကနေတစ်ဆင့် သင်ယူလေ့လာပြီး ရှင်သန်နေသူ ရှိနိုင်သလို Relationshipတွေအပေါ် ယုံကြည်မှုပျောက်ဆုံးသွားတဲ့သူလဲ ရှိနိုင်ပါတယ်။

🌟 ဒါဆိုရင် ဖောက်ပြန်ဖူးတဲ့သူတစ်ယောက်ဟာ လုံးဝပြောင်းလဲတဲ့သူတစ်ယောက် ဖြစ်သွားပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ?
ဖောက်ပြန်ခဲ့မိတာကို တကယ် နောင်တရကြောင်း ပြသနေတဲ့ ယခင်နဲ့မတူတဲ့ အမူအရာများ ရှိခြင်း၊ Contactတွေကို အဆက်အသွယ် လုံးဝဖြတ်ပစ်ခြင်း၊ အရာရာ အသစ်ကနေ ပြန်စပြီး ဘဝကို ရှင်သန်ဖို့ ကြိုးစားခြင်း၊ ဖောက်ပြန်မိတာနဲ့ ပက်သက်ပြီး ဆက်မလုပ်ချင်တော့တဲ့အကြောင်းနဲ့ ပက်သက်ပြီး တစ်ယောက်ယောက်ကို ရင်ဖွင့် တိုင်ပင်ချင်စိတ်၊ Counselingယူချင်စိတ်ရှိခြင်း စတဲ့ အချက်တွေ ရှိတယ်ဆိုရင်တော့ ဒီလူဟာ နောက်ထပ်ဖောက်ပြန်ဖို့ကို မဖြစ်နိုင်သလောက် အခြေအနေရှိပါတယ်လို့ သုတေသီအချို့က ဆိုကြပါတယ်။

💌 အခုဖော်ပြခဲ့တဲ့ အချက်(၃)ခုထဲက အကြောင်းအရာတွေဟာ ဆိုရင်တော့ အချို့တွေ လွဲမှားထင်မှတ်ပြီး ပြောဆိုနေကြတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ မတူညီနိုင်တာကြောင့် အရာရာကိုတော့ စာတွေထဲကအတိုင်း တစ်သမတ်တည်း ယူလို့မရနိုင်ပါဘူး။ ဒါ့ကြောင့် စစ်မှန်တဲ့ လက်တွဲဖော်ကို ကိုယ့်နှလုံးသားရဲ့ ဆန္ဒအတိုင်း ရွေးချယ်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

🌈 နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukhaရဲ့ Page CB မှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #relationship #cheating #counselling #couples #counseling #yangon #myanmar #singapore #japan #bangkok