Why siblings don’t have the same personality?

👨‍👩‍👧‍👦 မောင်နှမတွေရဲ့ စရိုက်လက္ခဏာနဲ့ တွေးခေါ်ပုံတွေ မတူတာဟာ မိဘတွေအပေါ် မူတည်နေတယ်ဆိုတာ သင်သိပါသလား?

တစ်အိမ်တည်းမှာ အတူတူကြီးပြင်းလာရတဲ့ မွေးချင်းမောင်နှမတွေ ဖြစ်ကြပေမဲ့ ကလေးဘဝအတွေ့အကြုံနဲ့ မိဘတွေရဲ့အမြင်ပေါ် မူတည်ပြီး သူတို့တွေရဲ့ အမူအကျင့်၊ စရိုက်လက္ခဏာ၊ တွေးခေါ်ပုံ စတာတွေဟာ ကွဲပြားနိုင်ပါတယ်။
ကလေးတစ်ယောက်ဟာ မွေးဖွားလာတဲ့ အချိန်မှာ မိဘတွေရဲ့ Emotional Circumstance လို့ ခေါ်တဲ့ စိတ်ခံစားမှုအခြေအနေနဲ့အတူ မွေးဖွားလာကြရပါတယ်။ Emotional Circumstanceတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့-

  1. မိဘနှစ်ဦးရဲ့ဆက်ဆံရေးအခြေအနေ
  2. မိဘနှစ်ဦးရဲ့ အသက်အရွယ်နဲ့ ရင့်ကျက်မှု
  3. စီးပွားရေးအခြေအနေ
  4. အလုပ်အကိုင်အခြေအနေ စတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ဒီEmotional Circumstanceတွေ​ဟာ ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာကို မိသားစုတစ်ခုရဲ့ ဥပမာလေးနဲ့ ဖော်ပြပေးထားပါတယ်။
👶 ဥပမာအနေနဲ့ မောင်နှမထဲက အကြီးဆုံးကလေးတစ်ယောက်ဟာ အသက် ၂၆နှစ်အရွယ် မိဘနှစ်ယောက်ကနေ အိမ်ထောင်ပြုပြီးပြီးချင်းမှာပဲ မွေးဖွားလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒီမိဘနှစ်ယောက်ဟာ စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အိမ်ထောင်ပြုကာစ ဖြစ်တဲ့အတွက် ဘဝရဲ့အခက်အခဲတွေကို အတူတကွဖြတ်ကျော်နိုင်ဖို့ စတင်ရင်ဆိုင်နေရတဲ့ ဖိအားတွေ​နဲ့ ကြုံတွေ့နေကြရပါတယ်။
ဒီအကြီးဆုံး သားဦးကလေးလေးဟာ သူတို့နှစ်ယောက်ရဲ့ အသည်းအသက်လို ချစ်ရတဲ့ ကလေး ဖြစ်ပေမဲ့ မိဘနှစ်ယောက်ထဲက တစ်ယောက်ကတော့ သူတို့ရဲ့စားဝတ်နေရေးအတွက် စီးပွားရေးနဲ့အလုပ်မှာပဲ ခေါင်းနှစ်ထားသလို ဖြစ်နေတတ်ပါတယ်။

👶 နောက်၄နှစ်ကြာပြီးတဲ့နောက်မှာ ဒီမိဘနှစ်ယောက်ဟာ သူတို့ရဲ့ ဒုတိယကလေးကို ရရှိခဲ့ကြပါတယ်။ ဒီအချိန်မှာတော့ အခြေတကျဖြစ်နေတဲ့ အလုပ်အကိုင်ရှိပြီး ငွေကြေးတောင့်တင်းလာတဲ့အပြင် နှစ်ဦးသားရဲ့ ဆက်ဆံရေးဟာလဲ ပိုမိုလေးနက်တည်ငြိမ်လာပါတယ်။ ဒါ့ကြောင့် ဒုတိယကလေးဟာ ပထမကလေးတုံးကနဲ့ မတူညီတဲ့ မိဘတွေရဲ့ အမြင်နဲ့ Emotional Circumstance ကို ရရှိပါတယ်။
ဒါ့အပြင် ပထမကလေးတုံးက သူတို့အနေနဲ့ အချိန်မပေးနိုင်ခဲ့တာတွေနဲ့ အခြားလိုအပ်သွားတယ်လို့ထင်တဲ့အရာတွေကို ဖြည့်ဆည်းပေးဖို့ ဒုတိယကလေးကို ပထမကလေးနဲ့ မတူညီတဲ့ နှောင်ကြိုးတွေနဲ့ ဆက်ဆံခဲ့ကြပါတယ်။

👶 ၃နှစ်ကြာပြီးတဲ့နာက်မှာတော့ တတိယကလေးကို ထပ်မံမွေးဖွားခဲ့ကြပါတယ်။ ဒီအချိန်မှာတော့ မိဘနှစ်ယောက်ဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာရင်းနှီးမှုတွေ အေးစက်ကုန်ကြတဲ့အနေအထားဖြစ်နေပြီး တစ်ယောက်နဲ့တစ်ယောက်နွေးထွေးမှု မရှိကြတော့တဲ့ ဆက်ဆံရေးအခြေအနေဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် တတိယကလေးဟာ မနွေးထွေးတဲ့ခံစားချက်ကို ခံစားရပါတယ်။ ဒါ့ကြောင့် ဒီအရာကို ရင်ဆိုင်ဖို့ သူ့အတွက်တည်ငြိမ်မှုရှိတဲ့ တွယ်တာမှုကို ရအောင် ကြိုးစားပါတော့တယ်။ အဓိပ္ပာယ်ကတော့ မိဘတစ်ယောက်တည်းဆီကနေ ချစ်ခင်တွယ်တာမှုကို အလွန်ငတ်မွတ် တောင့်တတာမျိုးပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် အဲ့ဒီမိဘတစ်ယောက်ဟာ မိသားစုရဲ့ ချစ်ခြင်းမေတ္တာနဲ့ လိုအပ်မှုကို ခံစားလာရပါတယ်။ ဒါပေမဲ့ ဒီအရာကပဲအိမ်ထောင်ရေးအခြေအနေကို ပိုမိုတင်းမာလာစေနိုင်ပါတယ်။ နောက်ထပ်မိဘတစ်ယောက်ကတော့ ကလေးရဲ့ နီးနီးကပ်ကပ်နေချင်တဲ့ပုံစံကြောင့် emotional triggerတွေ ခံစားရနိုင်ပါတယ်။ သူတို့ဟာ ဒီကလေးရဲ့ rejectလုပ်တာကို ခံရတယ်လို့လဲ ခံစားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ​တော့ သူတို့ဟာ ပထမဆုံးသားဦးကလေးကိုပဲ ချစ်ခင်မှုအပြည့်ပုံပေးခဲ့ကြပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ကလေးတစ်ဦးစီဟာ မိဘတွေကို မတူညီတဲ့ ပုံစံတွေနဲ့ ကြုံတွေ့ခဲ့ရပြီး မတူညီတဲ့အသွင်အပြင်တွေအလိုက် သူတို့ရဲ့ စရိုက်လက္ခဏာတွေဟာလဲ ပြောင်းလဲသွားပါတယ်။
ဒီမောင်နှမ(၃)ယောက်ဟာ ဘယ်လိုပုံစံနဲ့ ကွာခြားသွားကြမလဲ?

👶 ကလေး၃ယောက်ထဲက တစ်ယောက်ဟာ ခေါင်းမာတဲ့ ကလေးတစ်ယောက်ဖြစ်လာပြီး မိဘထဲက ခေါင်းမာတဲ့ဖခင်နဲ့အတူ ကြီးပြင်းခဲ့ရတဲ့ မိဘတစ်ယောက်ရှိရင် သူတို့ရဲ့ ဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပါတယ်။

👶 နောက်ထပ်တစ်ယောက်ကတော့ စိတ်ခံစားမှု အလွန်ပြင်းထန်တဲ့ကလေးတစ်ယောက် ဖြစ်လာပြီး ဒီအချက်ကပဲ အဲ့ဒီကလေးနဲ့ မိဘတွေရဲ့ကြားမှာ နက်ရှိုင်းတဲ့ တွယ်တာမှုကို ဖြစ်စေပါတယ်။

👶 နောက်ထပ်ကလေးတစ်ယောက်ကတော့ သန်မာပြီး Strongဖြစ်တဲ့ ကလေးတစ်ယောက်ဖြစ်လာပါတယ်။ မိဘတွေဟာလဲ ဒီကလေးရဲ့ပုံစံဟာ သူတို့ငယ်စဥ္ကနဲ့တူတာကြောင့် ဒီကလေးနဲ့ မိဘတွေရဲ့ ဆက်ဆံရေးဟာ အဆင်ပြေပြေရှိနေခဲ့ပါတယ်။

ဒါ​ကိုကြည့်ခြင်းအားဖြင့် ကလေးတစ်ဦးချင်းစီဟာ သူတို့မွေးဖွားချိန်မှာ မိဘတစ်ဦးချင်းစီရဲ့ မတူညီတဲ့အချိန်၊ မတူညီတဲ့ ဘဝအပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မွေးချင်းမောင်နှမတွေဖြစ်ပေမဲ့ တူညီတဲ့ မိဘပုံစံကိုတော့ ရရှိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ရဲ့ မိဘတွေဟာ အချိန်ကာလတွေပေါ်မူတည်ပြီး သူတို့ရဲ့ ရည်မှန်းချက်၊ လိုအင်ဆန္ဒ၊ လိုအပ်မှု စတာတွေပြောင်းလဲသွားပြီး မတူညီတဲ့ လူတွေအဖြစ် ပြောင်းလဲသွားကြလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေဟာလဲ မောင်နှမအရင်းတွေ ဖြစ်ကြပေမဲ့ စရိုက်လက္ခဏာတွေ ကွဲပြားကြတာပ​ဲ ဖြစ်ပါတယ်။

🌈 နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukhaရဲ့ Page CB မှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #mentalhealth #parents #parenting #siblings #family #psychology #wellbeing #myanmar #yangon #mandalay #singapore #bangkok