ကိုယ်ချစ်ရတဲ့သူတွေဟာ ကိုယ့်ကြောင့်လဲ နာကျင်ရနိုင်ပါတယ်

Relationshipတွေမှာ တခါတရံ သင့်အနေနဲ့ သင်ချစ်ရတဲ့သူကို နာကျင်မိအောင် ပြုလုပ်ကောင်း ပြုလုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့စိတ်ကို ပြန်အဆင်ပြေစေဖို့ စစ်မှန်စွာ ပြန်လည်တောင်းပန်တတ်ဖို့ကလဲ အရေးကြီးပါတယ်။
ကိုယ့်လက်တွဲဖော်ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပေးတာဟာ ကိုယ့်လက်တွဲဖော်ကို ဂရုတစိုက်ရှိကြောင်း ပြသရာရောက်သလို Healthy Relationship ကိုလဲ ဖြစ်စေပါတယ်။ ဒါဟာ သူတို့ရဲ့ ခံစားချက်တွေအကုန်လုံးကို သဘောတူပေးဖို့၊လိုက်ခံစားပေးဖို့ ဆိုလိုတာမျိုး မဟုတ်ဘဲ အသိအမှတ်ပြုပေးဖို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

တစ်ချို့လူတွေဟာ တစ်ဖက်လူရဲ့ ခံစားချက်ကို ထိခိုက်စေဖို့ မရည်ရွယ်သလို မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ခံစားကြရတာကြောင့် တစ်ဖက်လူ နာကျင်သွားရင်တောင် တောင်းပန်ခြင်း မပြုတတ်ကြပါဘူး။
ဒါ့ကြောင့် ဒီContentဟာ သင့်အနေနဲ့ တစ်ဖက်လူကို ထိခိုက်နာကျင်စေဖို့ မကောင်းတဲ့ရည်ရွယ်ချက် မရှိပေမဲ့လည်း တစ်ဖက်လူအနေနဲ့ သင့်ကြောင့် နာကျင်ရတတ်တယ်ဆိုတဲ့ အမှန်တရား၂ခုဟာ တစ်ချိန်တည်းမှာ၂ခုလုံးဖြစ်နိုင်ကြောင်းကို နားလည်စေဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ကျွန်မတို့ဟာ လက်တွဲဖော်တွေရဲ့ ခံစားချက်တွေကို လျစ်လျူရူမဲ့အစား နားထောင်ပြီး အလေးပေးခြင်းဖြင့် ကျွန်မတို့အနေနဲ့ သူတို့ကို ပိုပြီးနားလည်လာနိုင်ပါတယ်။
ဥပမာ လက်တွဲဖော်ရဲ့ခံစားချက်တွေကို မသိဘဲ “နင်ဘယ်လိုခံစားရမလဲ ငါစိတ်မပူဘူး” စသဖြင့် ပြောဆိုမိလိုက်တာမျိုးက အဆင်မပြေစေမဲ့ Relationshipဖြစ်စေဖို့ အစပျိုးနိုင်ပါတယ်။
ဒါ့ကြောင့် အပြုသဘောဆောင်စေမဲ့ တောင်းပန်စကား တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

🌼 ” ငါ နင့်ကို စိတ်နာကျင်စေတဲ့အတွက် တောင်းပန်ပါတယ်၊ နင်ဘာလို့ ခံစားရလဲဆိုတာလဲ ငါနားလည်နိုင်ပါတယ်၊ ငါ့အပြုအမူအတွက် ငါလည်းနောင်တရမိတယ်”
🌼 “ငါပြုမူလိုက်တဲ့ပုံစံက အဆင်မပြေဖြစ်စေလို့ တောင်းပန်ပါတယ်။ နောက်ခါ စိတ်ဆိုးတဲ့အခါ ငါ့စိတ်ငါထိန်းနိုင်ဖို့ ကြိုးစားပါ့မယ်”
🌼 “ငါတကယ်ကိုတောင်းပန်ပါတယ်။ အခုနင့်အတွက် တစ်ခုခု လုပ်ပေးနိုင်တာများ ရှိမလား”
🌼 “ငါ ဒီလိုမလုပ်လိုက်သင့်ဘူး၊ တကယ်တောင်းပန်သလို နောက်ဆို ငါပိုကြိုးစားပြီး အဆင်ပြေအောင် လုပ်ပါ့မယ်”
🌼 “ငါလုပ်ခဲ့တာတွေ အဆင်မပြေသလို လက်ခံနိုင်စရာ မရှိဘူး။ ငါ့အပြုအမူတွေကို နောက်အဲ့လိုမဖြစ်ဖို့ ငါပြောင်းလဲနေပါတယ်” အစရှိတဲ့ သူတို့ခံစားချက်ကို နားလည်ပေးတယ်ဆိုတဲ့ သဘောရောက်စေမဲ့ Conversationလေးတွေနဲ့ ပြောပြလို့ ရပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ တောင်းပန်စကားလေးတွေကိုကြည့်ရင်-
☘️ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်အပြုအမူအတွက် တောင်းပန်တဲ့အကြောင်း
☘️ကိုယ်ဘယ်လို ဆက်လုပ်မယ်၊ ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုတ​ဲ့အကြောင်း
☘️ကိုယ်ဒါလုပ်လိုက်လို့ သူတို့ခံစားသွားရတာကို ကိုယ်နားလည်ဆယ်ဆိုတဲ့အကြောင်း
☘️ရှေ့ဆက်ပြီး ဘယ်လို ညှိနှိုင်းသွားမယ်ဆိုတဲ့အကြောင်း စသဖြင့် ဒါတွေကို Focusထားထားတယ်ဆိုတာ မြင်နိုင်ပါတယ်။

ဒါပေမဲ့ တစ်ချို့လူတွေက​ေတာ့ ပြဿနာကို လှည့်စားပြီး Passive aggressive ဆန်တဲ့ တောင်းပန်စကားတစ်ချို့ကိုပဲ ပြောတတ်လေ့ရှိကြပါတယ်။
ဥပမာ-
❌ ” အိုခေ၊ ငါတောင်းပန်တယ်” ( သူတကယ်မှားပေမဲ့ မတတ်သာလို့ တောင်းပန်စကားဆိုရသလို ပြောဆိုခြင်း)
❌ “နင်စိတ်ထိခိုက်ရတယ်ဆိုရင် Sorry”
❌ “ငါက အဆိုးဆုံးလူပဲ၊ နင်ဘာလို့ ငါနဲ့ခုထိ တွဲနေတာလဲ”
❌ “Sorryပါ၊ နင်ပဲ အဲ့ကိစ္စကို ယူခဲ့တာလေ” စသဖြင့် ပြောဆိုတတ်ကြပါတယ်။

ဒါ့ကြောင့် Healthy Relationshipကို ရရှိဖို့အတွက် ကိုယ့်လက်တွဲဖော် အပေါ် မတော်တဆ နာကျင်စေမိရင် ပြန်လည်တောင်းပန်ပြီး အချစ်တွေ တိုးဖို့ ကြိုးစားသင့်ပါတယ်။

🌈 နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukhaရဲ့ Page CB မှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #mentalhealth #relationship #apologize #authentic #apology #yangon #myanmar #mandalay #therapist #therapy #couples #counseling #counselling