သင်ဟာ သင့်ကိုယ်သင် ကရုဏာထားတတ်တဲ့သူလား? (Self Copassion)

ကိုယ့်ကိုကိုယ် ကရုဏာထားခြင်း (Self-Compassion) ဆိုတာကတော့ လူ့သဘာဝအရ ခက်ခဲတဲ့အချိန်တွေ၊ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ အဆင်မပြေနိုင်ကြတဲ့ အချိန်တွေရှိတာဟာ ပုံမှန်ဖြစ်ပေမဲ့ ဒီလိုကြုံလာရတဲ့အခါ သင့်ကိုသင် ကြင်နာစွာနဲ့ ဂရုတစိုက် ဆက်ဆံဖို့အတွက် လက်ခံခြင်းကို ခေါ်ပါတယ်။

ဒီလို ကိုယ့်ကိုကိုယ် ကရုဏာထားခြင်း Self Compassionမှာ အောက်ပါအချက်တွေလဲ ပါဝင်ပါတယ်။
⭐ သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းကို သူအခက်အခဲဆုံးအချိန်မှာ ဆက်ဆံပေးခဲ့သလို သင့်ကိုယ်သင် ပြန်ဆက်ဆံပေးခြင်း။
⭐ သင့်ကိုယ်သင် နွေးထွေးကြင်နာမှုရှိခြင်း။
⭐ ခက်ခဲတဲ့ အချိန်မှာ ဖြစ်တဲ့ စိတ်ခံစားချက်တွေကို အသိအမှတ်ပြုခြင်းဟာ သင်ခန်းစာတစ်ခုဖြစ်တယ်လို့ လက်ခံခြင်း။
⭐ Boundariesများ ထားတတ်ခြင်း။
⭐ သင့်မှာ ခက်ခဲတဲ့အခြေအနေကြုံနေရပြီဆိုရင် သတိထားမိခြင်း။
⭐ သင့်အနေနဲ့ အရာအားလုံးကို Controlလုပ်လို့ မရဘူးဆိုတာကို နားလည်ခြင်း။
⭐ အခက်အခဲတစ်ခုကြုံရတဲ့အခါ သင်ဘယ်လောက်ထိ ခံစားနေရတယ်ဆိုတဲ့ အတိုင်းအတာကို သိရှိခြင်း။
⭐ ရှုံးနိမ့်မှုတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုတာကို သိရှိနားလည်ခြင်း။

နောက်ပြီး Self Compassionမှာဆိုရင် အဓိကအနေနဲ့ –
🟩 Self Kindness
🟩 Mindfulness
🟩 Common Humanity ဆိုတဲ့ အပိုင်း(၃)ပိုင်း ပါဝင်ပါတယ်။

💝 Self Kindness (ကိုယ့်ကိုကိုယ် ကြင်နာမှုရှိခြင်း)
တစ်ခုခု အခက်အခဲ ကြုံရတဲ့အခါ ကိုယ့်ကိုကိုယ် ဝေဖန်အပြစ်တင်တာထက် နွေးထွေးညင်သာစွာနဲ့ နားလည်မှုရှိတာမျိုးပဲ ဖြစ်ပါတယ်။

🧘‍♀️ Mindfulness (စိတ်​သတိ ကပ်နိုင်ခြင်း)
ကိုယ်ကြုံရတဲ့ အဖြစ်အပျက်တွေကို လျစ်လျူရူတာ၊ ချဲ့ကားတွေးတာမျိုးတွေ မလုပ်ဘဲ အရှိကိုအရှိအတိုင်း သိရှိပေးခြင်းပဲ ဖြစ်ပါတယ်။

🤝 Common Humanity (သာမန်လူသားဆန်မှု)
အခက်အခဲကြုံတဲ့အခါ အခြားသူတွေနဲ့အတူ ချိတ်ဆက်ခံစားဖို့နဲ့ ဒီလိုခက်ခဲတဲ့အတွေ့အကြုံတွေဟာ ပုံမှန်ဖြစ်ကြောင်း သိရှိခြင်းပဲ ဖြစ်ပါတယ်။

🙅‍♂️ ဒါ့အပြင် တစ်ခါတစ်ရံမှာ Self Compassionကို Self Esteemနဲ့ အတူတူထင်တတ်ကြပေမဲ့ ဒီနှစ်ခုဟာ မတူညီကြပါဘူး။
ဆိုတော့ သင်ရော သင့်ကိုယ်သင် Self Compassion ထားနေရဲ့လား ဆိုတာ ပြန်လည် ဆန်းစစ်ကြည့်နိုင်ပါတယ်။

🌈 နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukhaရဲ့ Page CB မှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #counseling #therapy #selfcompassion #compassion #ဂရုဏာ #yangon #bangkok #singapore #myanmar #selfcare