Happy Hormones လေးတွေ အမြဲ ရရှိနေဖို့အတွက် ကိုယ့်ရဲ့ Mental Health ကိုရော Boostလုပ်ဖြစ်ကြရဲ့လား?

ကျွန်မတို့ နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝမှာ တခါတလေ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ ကြုံရတတ်တာကြောင့် ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဟာ အမြဲအဆင်ပြေမနေတတ်ပါဘူး။ ဒီလိုကြုံရတဲ့အခါ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အချိန်တိုအတွင်းမှာ ပြန်လည်မြှင့်တင်နိုင်စေဖို့အတွက် နည်းလမ်းတစ်ချို့အပြင် လိုအပ်တဲ့ Happy Hormones တွေအကြောင်းကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေ ကောင်းမွန် ပျော်ရွှင်နေစေဖို့အတွက် လိုအပ်တဲ့ ဟော်မုန်း အမျိုးအစား (၄) မျိုးရှိပါတယ်။ အဲ့ဒီ(၄)မျိုးကတော့-

1. Dopamine ( Healthy Dopamine)
Dopamineကိုတော့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ အောင်မြင်မှုရရှိခြင်း၊ ရေအေးနဲ့ ရေချိုးခြင်း၊ ယောဂပြုလုပ်ခြင်း၊ သဘာဝနဲ့ ထိတွေ့ခြင်း စတာတွေကနေ ရရှိနိုင်ပါတယ်။

2. Oxytocin
Oxytocin ကိုတော့ ကျေးဇူးသိတတ်ခြင်း၊ Physical Touch နဲ့ Physical Intimacy ရရှိခြင်း၊ တိရိစ္ဆာန်များနဲ့ ထိတွေ့ခြင်း၊ ရင်းနှီးစွာ နားထောင်ပေးခြင်း၊ သူများတွေကို အကူအညီပေးခြင်း စတာတွေကနေ ရရှိပါတယ်။

3. Serotonin
နေရောင်ခြည်နဲ့ ထိတွေ့ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ တောင်တက်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအသောက်များ စားသုံးခြင်း၊ အသက်ရူလေ့ကျင့်ခန်း ပြုလုပ်ခြင်း စတာတွေကနေ Serotonin ကို ရရှိနိုင်ပါတယ်။

4. Endorphins
​သီချင်းဆိုခြင်း၊ ကခြင်း၊ ရေနွေးနွေးနဲ့ ရေစိမ်ခြင်း၊ ရယ်မောခြင်း၊ ​Hard Exerciseများ ပြုလုပ်ခြင်း ( ဥပမာ- ပြေးခြင်း) ၊ Sexual Intimacy စတာတွေကနေ Endorphins ကို ရရှိနိုင်ပါတယ်။

🔶 ဒီHappy Hormonesတွေအပြင် သင့်ရဲ့ စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်စေဖို့အတွက် အမြဲ ပြုလုပ်သင့်တဲ့ နည်းလမ်းတစ်ချို့ကိုလဲ ဖော်ပြပေးလိုက်ပါတယ်။
🔷 သင့်ရဲ့ စိတ်ခံစားချက်တွေကို ကွယ်ဝှက်မထားဘဲ ဘယ်လိုခံစားနေရတဲ့အကြောင်း တစ်စုံတစ်ယောက်ကို ပြောပြပါ။
🔷 ပေါင်းသင်းဆက်ဆံရေးတွေမှာ သင့်အတွက် အဆင်ပြေစေမဲ့ Boundariesတွေ ထားပြီး ဆက်ဆံပါ။
🔷 အိပ်ရေးဝဝ အိပ်ပါ။ ပျှမ်းမျှအနေနဲ့တော့ လူတစ်ယောက်ဟာ ၇ နာရီကနေ ၉နာရီကြာအထိ အိပ်စက်အနားယူသင့်ပါတယ်။
🔷 ခဏ ရပ်နားပါ။ အနားယူဖို့နဲ့ သင့်ရဲ့ စိတ်ခံစားချက်တွေကို စီမံဖို့အတွက် အချိန်ယူသင့်ပါတယ်။ သင့်အနေနဲ့ သင့်အားလပ်ချိန်တိုင်းကို တစ်ခုခုလုပ်နေတာထက် အခုလို အနားပေးလိုက်တာက ပိုကောင်းစေပါတယ်။
🔷 လိုအပ်ပါက အကူအညီရယူပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လက်တွေ့ကျတဲ့အကူအညီ ဒါမှမဟုတ် ကိုယ့်ရဲ့ ခံစားချက်တွေကို သေချာနားထောင်ပေးတဲ့ သူတွေကို ရရှိစေနိုင်ပြီး “ငါ့မှာ သူတို့ရှိပါလား”ဆိုတဲ့ အတွေးမျိုး ရရှိစေပါတယ်။
🔷 တက်တက်ကြွကြွနေထိုင်ပါ။ တက်ကြွစွာ လှုပ်ရှားနေထိုင်ခြင်းဟာ သင့်ကို အိပ်ပျော်လွယ်စေဖို့ ကူညီပေးသလို ပိုမိုကောင်းမွန်တဲ့ ခံစားချက်တွေကိုလည်း ရရှိစေနိုင်ပါတယ်။

🌈 နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukhaရဲ့ Page CB မှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #happyhormones #howtoboostyourmentalhealth #dopamine #oxytocin #serotonin #endorphins