မိမိကိုယ်ကို လေးစားခြင်းဆိုတဲ့ Self Esteem ရှိဖို့ အရေးကြီးသော မဏ္ဍိုင် ၆ချက်

  1. ပထမဆုံး မဏ္ဍိုင်ကတော့ သတိရှိစွာ နေထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျွန်မတို့ဟာ ကြုံနေရတဲ့ လက်ရှိအခိုက်အတန့်တွေမှာ နေတတ်ကြပြီး ကျွန်မတို့ကိုယ်တိုင်နဲ့ ကျွန်မတို့ရဲ့ အနီးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို သိရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်မှာမှာဆိုရင် ကျွန်မတို့မကြိုက်တဲ့ အကြောင်းအရာတွေ ပါလာခဲ့ရင်လဲ လျစ်လျူရူလိုက်တာမျိုး မလုပ်ဘဲ ကျွန်မတို့ရဲ့ Emotionsကို ဂရုပြုခြင်းလဲ ပါဝင်ပါတယ်။ အခုလိုမျိုး သတိရှိစွာနေတတ်သူတွေဟာ ယခုလက်ရှိကြုံနေရတဲ့ အရာတွေကို ဂရုစိုက်နိုင်ပြီးတော့ အတိတ်နဲ့ အနာဂတ်ကို တွေးတောတာကိုလည်း ရပ်တန့်နိုင်ကြပါတယ်။
  2. Self Acceptanceလို့ခေါ်တဲ့ မိမိကိုယ်ကို လက်ခံခြင်းဟာ ဒုတိယမဏ္ဍိုင်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျွန်မတို့ဟာ ကိုယ့်ကိုကိုယ် ဘယ်လိုပဲဖြစ်ဖြစ် ခြွင်းချက်ဆိုတာ မရှိဘဲ လက်ခံတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအချက်ရှိခြင်းကြောင့် ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ စိတ်ခံစားချက်တွေကို မနှစ်သက်နေရင်တောင်မှ မိမိကိုယ်ကို သနားကြင်နာမှု ထားရှိတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီအချက်တွေဟာ ကျွန်မတို့ရဲ့ မိမိကိုယ်ကို လေးစားမှုရှိခြင်းကို မပြောင်းလဲနိုင်ပါဘူး။
  3. Self-responsibility ဆိုတဲ့ မိမိကိုယ်ကို တာဝန်ယူမှုရှိခြင်းဆိုတဲ့ တတိယ မဏ္ဍိုင်ကတော့ ကျွန်မတို့ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုတွေနဲ့ လုပ်ဆောင်ချက်တွေအပေါ် တာဝန်ရှိကြောင်း သတ်မှတ်ပြီး အဲ့ဒီအရာတွေကို အခြား ဘယ်သူကမှ ပြုလုပ်ပေးခြင်း၊ ပြုပြင်ပေးခြင်း၊ ပြောင်းလဲပေးခြင်း စတာတွေကို မပြုလုပ်နိုင်တဲ့အကြောင်း နားလည်သိရှိခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ဟာ ကိုယ်ပိုင်ရွေးချယ်မှုတွေအတွက် အခြားသူတွေကို အပြစ်မတင်ဘဲ အခြားသူတွေအနေနဲ့ ကျွန်မတို့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ဖို့ကိုလည်း မျှော်လင့်မထားတတ်ကြပါဘူး။
  4. Self-assertiveness လို့ခေါ်တဲ့ မိမိကိုယ်ကို ယုံကြည်ခိုင်မာမှု ရှိခြင်းဟာ စတုတ္ထ မဏ္ဍိုင် ဖြစ်ပါတယ်။ အဲ့ဒါကတော့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေနဲ့ တိုးတက်မှုတွေကို လေးစားလိုက်နာပြီး သင့်လျော်မှန်ကန်တဲ့ Healthy Wayတွေနဲ့ ဖော်ပြခြင်းကို ခေါ်ပါတယ်။ ဒါ့အပြင် ဒီလို လိုအပ်ချက်တွေ ရှိတာကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီး အခြားသူတွေကိုလည်း Healthy Wayတွေနဲ့ အသိပေးဖို့ လက်ခံခြင်း ပါဝင်ပါတယ်။
  5. ရည်မှန်းချက်ပန်းတိုင်ရှိစွာ နေထိုင်ခြင်းဟာ ပဉ္စမ မဏ္ဍိုင်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ရည်မှန်းချက်တွေနဲ့ နေထိုင်ရင် ရည်မှန်းချက်တွေဆီ ရောက်ရှိဖို့ အစီအစဥ်တွေ၊ ပန်းတိုင်တွေ ချမှတ်ပြုလုပ်ခြင်းကြောင့် ရည်မှန်းချက်တွေဆီ ရောက်ရှိစေပါတယ်။ ဒါ့ကြောင့် ဒီ ပဉ္စမ မဏ္ဍိုင်ရှိပါက ကျွန်မတို့ဟာ စိတ်ထဲမှာ ရည်မှန်းချက်တွေနဲ့ နေလေ့ရှိကြပါတယ်။
  6. Self Esteemရဲ့ နောက်ဆုံး မဏ္ဍိုင်ကတော့ ကိုယ်ပိုင်သမာဓိ ရှိခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျွန်မတို့အနေနဲ့ ဘယ်အပြုအမူတွေက သင့်တော်တယ်ဆိုတာကို ယုံကြည်ချက်ရှိပြီး ကျွန်မတို့ရဲ့ အပြုအမူတွေကိုလဲ အဲ့ဒီစံနှုန်းတွေနဲ့အညီ ထားရှိခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံး သင့်အနေနဲ့ ဒီမဏ္ဍိုင်ကို ကိုယ်ပြောတဲ့အရာတွေဟာ ကိုယ်လုပ်တဲ့ အရာကို ထင်ဟပ်စေတယ်ဆိုတာနဲ့ အကျဥ္းချုံးမှတ်ယူနိုင်ပါတယ်။

🌈 နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukhaရဲ့ Page cbမှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #selfesteem #myanmar #therapy #counselling #selfcare