မျိုးဆက်အဆက်ဆက် ယဥ်ကျေးမှုကဲ့သို့ ဟန်ဆောင် အမြစ်တွယ်နေသော စိတ်ဒဏ်ရာ ဖြစ်စေမှုများ

🔷 Parentification လို့ခေါ်တဲ့ ကလေးက မိဘတစ်ဦးကဲ့သို့ ပြုမူနေရတာတွေ ရှိပေမဲ့ သူ့ရဲ့အသက်အရွယ်ထက် ပိုရင့်ကျက်ပြီး စဥ်းစားတတ်တဲ့ကလေးအနေနဲ့ ချီးကျူးခံရခြင်း။
🔷 ကိုယ့်ရဲ့ လိုအပ်ချက်တွေကို နောက်ဆုံးမှာထားတတ်တာကြောင့် ကိုယ်ကျိုးမငဲ့ဘဲ ကြင်နာတတ်ပြီး ကောင်းမွန်တဲ့ မိခင်တစ်ယောက်၊ ဖခင်တစ်ယောက်၊ သမီးတစ်ယောက် စသဖြင့် ချီးကျူးခံရခြင်း။
🔷 စိတ်သဘောထားမြင့်မြတ်မှု ၊ နာခံတတ်မှု၊ ရက်ရောမှု စတဲ့ အရာတွေအတွက် Boundariesတွေမရှိဘဲ အမြဲတမ်း “Yes” သုံးနေရခြင်း။
🔷 EQ နိမ့်ပါးနေပေမဲ့လည်း ခံနိုင်ရည်နဲ့ ဆင်ခြင်တုံတရားရှိပြီး အားကြီးတယ်လို့ အမြင်ခံရခြင်း။
🔷 Enmeshment လို့ခေါ်တဲ့ မိသားစုဝင်ချင်း ထိန်းချုပ်မှု လွန်ကဲသော ရင်းနှီးမှုပုံစံနဲ့ Boundariesတွေမရှိဘဲ ဆက်ဆံခြင်းတွေကို ရင်းနှီးမှုနဲ့ မိသားစုကြား ဆက်ဆံရေး ကောင်းမွန် အားကောင်းမှုလို့ တံဆိပ်ကပ်ခြင်း။
🔷 ဆန့်ကျင်ဘက်ဖြစ်နေသော Gender Rolesအရ အမျိုးသမီးတွေကို ဘွဲ့တစ်ခုနဲ့ သူမရဲ့ အလုပ်တာဝန်တွေထက် မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့၊ နာခံရိုကျိုးတတ်ဖို့ စသဖြင့် မျှော်လင့်ခြင်း။
🔷 အမျိုးသားတွေအနေနဲ့လဲ ယောင်္ကျားပီသမှုကို ခံစားချက်တွေ ထုတ်ဖော်မပြခြင်း၊ အကူအညီလိုအပ်နေရင်တောင် မတောင်းဆိုခြင်း၊ အချစ်ရေးမှာလဲ ထုတ်ဖော်ချစ်ပြတတ်မှု နည်းပါးခြင်း စတာတွေနဲ့ ပူးတွဲ မြင်နေတတ်ကြခြင်း။
🔷 စိတ်မသက်မသာဖြစ်စေတဲ့ ခံစားချက်တွေ ကြုံရတဲ့အခါ ရှောင်ဖို့အတွက် Spirituality ကို အလွန်အမင်း အားကိုးခြင်း။
ဥပမာ- ဘုရားသခင်ထံ အပ်နှံထားလိုက်ပါ၊ ကောင်းတဲ့ခံစားမှုတွေသပ်သပ်သာ၊ အပြုသဘောဆောင်တဲ့ စိတ်ထားများသာ ” အစရှိတဲ့ ပုံစံများကို အလွန်အကြူး အသုံးပြုခြင်း။
🔷 အလုပ်အရမ်းလုပ်ရပြီး မအားမလပ်ဖြစ်နေတာကို အလုပ်ကြိုးစားခြင်း၊ အဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ခြင်း၊ လုံ့လရှိခြင်း စသဖြင့် သတ်မှတ်လိုက်ပေမဲ့ အမှန်တော့ စိုးရိမ်ပူပန်ခြင်း၊ မိမိကိုယ်ကို အားမရခြင်း၊ ကျရှုံးမှာ ကြောက်ရွံ့ခြင်း၊ မလုံလောက်သလို ခံစားရခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

🌈 နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukhaရဲ့ Page CB မှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။

#cittasukha #generationalcycles #trauma #myanmar #yangon