2023 ကို Self Respect ရှိစွာ စိတ်ဓာတ်အသစ်တွေနဲ့ စတင်နိုင်ဖို့ လုပ်ဆောင်နိုင်သည့် နည်းလမ်းများ

☑️ NO ဆိုတဲ့စကားကို အားမနာဘဲ သုံးပါ

“NO”ဆိုတဲ့စကားလုံးကို အသုံးပြုခြင်းကြောင့် –

  • သင့်ရဲ့ ကိုယ်ပိုင်တိုးတက်မှု (personal growth) အပေါ် အာရုံပိုစိုက်လာနိုင်ခြင်း
  • လူမှုဆက်ဆံရေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုတွေကိုပါ အာရုံစိုက်နိုင်လာခြင်း
  • အနားယူဖို့ အချိန်ပိုရတာကြောင့် တစ်ခုခုဆို ပြန်လည်ကုစားဖို့ အချိန်ပိုရခြင်း စတာတွေ ရရှိနိုင်ပါတယ်။

☑️ Drama ဆန်တဲ့ စက်ဝိုင်းသံသရာထဲကနေ ထွက်ပါ

Drama Cycle ဆိုတာကတော့ ပြဿနာတစ်ခု ဖြစ်တဲ့အခါဖြေရှင်းချက်မရှာဘဲ ပြဿနာထဲကို ဆွဲသွင်းခံလိုက်ရတာမျိုးဖြစ်ပြီး သူတို့အနေနဲ့ သင့်ကို Burned Outဖြစ်စေခြင်း၊ ပင်ပန်းနွမ်းနယ်စေခြင်းနဲ့ စိတ်ခံစားချက်တွေကို ထိန်းမရခြင်း စတဲ့ ခံစားချက်တွေကို ဖြစ်စေပါတယ်။

☑️ အတင်းအဖျင်းပြောခြင်းကို ရှောင်ကြဉ်

အတင်းအဖျင်းပြောခြင်းဟာ သင့်ကို စိတ်ကျေနပ်မှု၊ လွတ်လပ်မှုကို ပေးနိုင်ပေမဲ့ နှစ်လိုဖွယ်ကောင်းပြီး စိတ်ချရတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို မရရှိစေပါဘူး။ ဒါ့ကြောင့် သင့်ကို တစ်ယောက်ယောက်က အတင်းအဖျင်းလာပြောရင်တောင် ​ပါဝင်ပြောဆိုခြင်း မပြုဘဲ ရှောင်လိုက်ပါ။

☑️ သင့်ကို ပျော်ရွှင်စေတဲ့အရာတွေကို ရှာဖွေပြီး ပြုလုပ်ပါ

ကျွန်မတို့အကုန်လုံးဟာ ကိုယ်သဘောကျ နှစ်သက်ပြီး ဝါသနာပါတဲ့အလုပ်တွေ၊ ရည်မှန်းချက်ရှိတဲ့ အလုပ်တွေ စသဖြင့်ရှိကြပါတယ်။ အကယ်၍ သင့်အနေနဲ့ ဒီလိုမျိုး ကိုယ်သဘောကျရတဲ့အလုပ်မရှိသေးဘူးဆိုရင်တော့ သင်သေချာမရှာဖွေရသေးလို့ ဖြစ်နိုင်ပါတယ်။ သင်သဘောကျ ဝါသနာပါတဲ့ အလုပ်တွေလုပ်ဖို့ အချိန်ဖယ်ထားခြင်းဟာ သင့်ရဲ့ စိတ်အာဟာရဖြစ်စေတာကြောင့် ကောင်းမွန်တဲ့ အရာပဲ ဖြစ်ပါတယ်။

☑️ သူတစ်ပါးရဲ့ အတည်ပြုပေးချက်တွေ လိုအပ်တဲ့စိတ်ကို လျှော့ချပါ

ကျွန်မတို့အားလုံးဟာ External Validationလို့ခေါ်တဲ့ ပြင်ပအတည်ပြု သုံးသပ်ချက်တွေ၊ ချီးကျူးတာတွေကို သဘောကျကြပြီး လိုချင်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ သင့်အနေနဲ့ တစ်ခုခုကို ပြုလုပ်ဖို့အတွက် External Validationတွေကို လိုအပ်ခြင်းဟာ မလုပ်ဖြစ်စေဘဲ ရှောင်ဖယ်ခြင်း(Avoidance) ကိုသာ ဦးတည်ဖို့ များနိုင်ပါတယ်။

☑️ ပြန်လည်မျှဝေပါ

သင့်အနေနဲ့ လူတွေကို ပြန်လည်မျှဝေဖို့နဲ့ ကူညီဖို့ နည်းလမ်းတွေကို ရှာပြီး ပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သင့်ကို သင့်ပတ်ဝန်းကျင်ကလူတွေနဲ့ ပိုမိုနီးကပ်အောင် ဖန်တီးပေးနိုင်မဲ့အပြင် သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာတတ်တဲ့ ရူထောင့်ကို ပိုမို ရရှိစေနိုင်ပါတယ်။

☑️ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကို တမင်တကာ ပင်ပန်းစေလိုတဲ့စိတ်နဲ့မဟုတ်ဘဲ ချစ်ခင်တဲ့စိတ်နဲ့ ကိုယ်လက်လှုပ်ရှားတာမျိုး ပြုလုပ်သင့်ပါတယ်။ဒါဟာ သင့်ကိုသင် လေးစားချစ်ခင်ရာကျတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် အမြဲတမ်း စိတ်လက်ကြည်လင်ပြီး သင့်အတွက် ပိုကောင်းလာပါလိမ့်မယ်။

☑️ သင့်ကိုယ်ပိုင်တန်ဖိုးကို ရှာဖွေလေ့လာပါ

ကျွန်မတို့အများစုဟာ သူများတွေသတ်မှတ်ထားတဲ့ တန်ဖိုးတွေ၊ ဘောင်တွေထဲမှာ နေထိုင်တတ်ကြတဲ့အပြင် တစ်ချို့ကြတော့လဲ ကိုယ့်ရဲ့သတ်မှတ်ချက် တန်ဖိုးတွေနဲ့ မကိုက်ညီတဲ့ ဘဝမှာ နေထိုင်ရလေ့ ရှိကြပါတယ်။
ဒါ့ကြောင့် သင့်အနေနဲ့ သင့်ကိုယ်ပိုင် သတ်မှတ်ချက် တန်ဖိုးတွေကို သိဖို့အတွက် “ငါ့အတွက် အရေးကြီးတဲ့အရာများ” ဆိုတဲ့စာသားခေါင်းစဉ်နဲ့ စာရွက်တစ်ရွက်မှာ ချရေးထားသင့်ပါတယ်။