သင့်အားလပ်ရက်တွေမှာ သင့်အတွက် ကိုယ်ပိုင်အချိန်နဲ့ နေရာ ဖယ်ထားဖူးရဲ့လား?

ကျွန်မတို့ဟာ နေ့စဉ်တိုင်း အလုပ်တာဝန်တွေနဲ့ ရုန်းကန်နေကြရပြီး ပိတ်ရက်အားလပ်ရက်ရှည်တွေ ရတဲ့ ခရစ်စမတ်၊ င်္သကြန် စတဲ့ အချိန်တွေမှာ မိသားစု သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးရလေ့ ရှိပါတယ်။ ဒီလို အချိန်အတော်ကြာ အတူနေရတာဟာ တခါတလေမှာ စိတ်ဖိစီးမှုနဲ့ စိတ်ရူပ်မှုတွေကို ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် တခြားသူတွေကို အချိန်တွေပေးရသလို ဖြစ်တတ်တာကြောင့် တခါတရံမှာ ကိုယ့်အတွက် အားလပ်ချိန်နဲ့ ကိုယ်ဖြစ်ချင်တဲ့အရာ​တွေကို လုပ်ဖို့အချိန် မရှိသလို ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အားလပ်ရက်တွေမှာ စိတ်အေးလက်အေး အနားယူနိုင်ဖို့အတွက် ပေါင်းသင်းဆက်ဆံရေးတွေမှာ Boundariesတွေကို ထားသင့်ပါတယ်။

ဒါ့ကြောင့် ယခု ခရစ်စမတ်ကာလမှာ သင်မလုပ်ချင်တဲ့အရာတွေဆိုရင် ဇွတ်မလုပ်ခိုင်းဖို့နဲ့ သင့်အနေနဲ့ မကြိုက်တဲ့အရာတွေကို လုံးဝ လိုက်လျောမှာ မဟုတ်တဲ့အကြောင်း စတဲ့ သင့်ရဲ့ limitsတွေကို တခြားသူတွေ သိစေဖို့အတွက် ဖြစ်တတ်တဲ့ ကိစ္စလေးတွေနဲ့ ထားသင့်တဲ့ Boundariesတချို့ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

  • လူစုံကြတဲ့အခါ တစ်ခါတစ်ရံ ကျွန်မတို့ရဲ့ အပေါင်းအသင်းတချို့ဟာ ကျွန်မတို့ရဲ့ Weightနဲ့ ရုပ်ရည်ကို စကားဝိုင်းထဲမှာ ထည့်ပြောလေ့ရှိကြပါတယ်။ အဲ့ဒီလိုပြောတာကို သင်မကြိုက်ရင် ကြိတ်မနေဘဲ အဆင်မပြေကြောင်း၊ သင်ခံစားရတဲ့အကြောင်း ပြောပြပါ
  • စကားပြောကြရင်း ကိုယ်သဘောမတူချင်တဲ့ တစ်စုံတစ်ခုကို အတင်းအကြပ် သဘောတူခိုင်းတဲ့အခါမျိုးတွေမှာ ဆိုရင်တော့ တစ်ဖက်လူနဲ့ သူ့ရဲ့ အမြင်ကို လေးစားပေမဲ့ ကိုယ်ကသဘောမတူနိုင်တဲ့အကြောင်းရယ်၊ ကိုယ့်ကို ဒီကိစ္စနဲ့ ပက်သက်ပြီး မတူညီတဲ့အမြင်နဲ့ အတွေးတွေ ပေးတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောပါ
  • ပိတ်ရက်တွေ အိမ်မှာ လူစုံကြတဲ့အခါ ဆွေးနွေးမှုတွေနဲ့အတူ ငြင်းခုန်မှုတွေလဲ ပါလာတတ်ပါတယ်။ အဲ့ဒီလို အခါမျိုးမှာဆိုရင် သင့်အနေနဲ့ ဟိုဘက်က ခေါ်လိုက်၊ ဒီဘက်ကခေါ်လိုက်နဲ့ အခက်ကြုံရတဲ့ အဖြစ်မျိုးတွေ ကြုံရနိုင်ပါတယ်။ အဲ့ဒီလို အခါမျိုးတွေမှာဆိုရင် သင့်အနေနဲ့ မိသားစုတွေရဲ့ ငြင်းခုန်ပွဲတွေမှာ ဘယ်ဘက်ကိုမှ မပါသလို ကြားလူလဲ မလုပ်မဲ့အကြောင်းကို သေချာပြောပြဖို့ လိုအပ်ပါတယ်။
  • တခြားသူတစ်ယောက်ရဲ့ အတင်းနဲ့ မကောင်းသတင်းတွေ သင့်ကိုလာပြောတဲ့အခါတွေဆိုရင်မှာလဲ သူတို့အနေနဲ့ သူတို့ကို အနှောက်အယှက်ဖြစ်စေတဲ့သူတွေသိအောင် တိုက်ရိုက်သွားပြောကြည့်ဖို့ အကြံပေး ပြောဆိုနိုင်ပါတယ်။
  • လူစုံကြတဲ့အခါ နောက်ထပ်ရောက်သွားတတ်တဲ့ Topicကတော့ သင်ဟာ အိမ်ထောင်ရှင် ဖြစ်နေရင် ကလေးဘယ်တော့ယူမလဲ ဆိုတဲ့အကြောင်းပ​ဲ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ဒီလိုမေးခံရတာကြောင့် စိတ်ရူပ်ရရင်တော့ သူတို့ဒီလိုမေးတာဟာ သင့်ကို ဒီအရာနဲ့ပက်သက်ပြီး စိတ်ဖိစီးမှု ဖြစ်စေတာကြောင့် မေးမေးနေတာကို ရပ်ဖို့ ပြောဆိုပါ။
  • ပိတ်ရက်မှာ မပြောမဆိုနဲ့ အလည်လာတတ်တဲ့ မိတ်ဆွေတွေဟာလဲ ရှိတတ်ပါတယ်။ ဒီလိုလုပ်တာဟာ သင့်အတွက် အဆင်မပြေဘူးဆိုရင်တော့ နောက်အခါတွေမှာ သူတို့နဲ့အတူ ဒီ့ထက်အချိန်ကြာကြာ ပိုရှိနေချင်တာကြောင့် သူတို့အနေနဲ့ အလည်မလာခင် သင့်ကို ကြိုပြောပေးဖို့ ပြောဆိုနိုင်ပါတယ်။
  • မိဘတွေဟာ ပိတ်ရက်မှာ သားသမီးနဲ့အတူနေချင်ကြတာကြောင့် တစ်နေကုန် အတူရှိဖို့ ပြောဆိုလာတာမျိုးတွေ ရှိနိုင်ပါတယ်။ သင်က တစ်နေကုန်အချိန်ပေးနိုင်လို့ ပေးလိုက်တာဟာ ကောင်းတဲ့ကိစ္စဖြစ်ပေမဲ့ သင့်မှာလဲ တခြားလုပ်စရာတွေရှိနေသေးတယ်ဆိုရင်တော့ သင့်အခြေအနေကို ရှင်းပြပြီး တစ်နေကုန် အချိန်မကုန်ဆုံးနိုင်တာကိုနားလည်ပေးဖို့ တောင်းဆိုလို့ရပါတယ်။
  • သင့်ရဲ့ Relationship Statusအကြောင်းတွေကို စကားဝိုင်းထဲမှာ နောက်ပြောင်ပြောဆိုလာတဲ့အခါ သင့်အနေနဲ့ မကြိုက်ပါက သင်အိမ်ထောင်မပြုရသေးတဲ့အကြာင်းတွေ၊ သင့်ရဲ့ Relationshipနဲ့ပက်သက်တဲ့အကြောင်းတွေကို မစနောက်ဖို့နဲ့ ဒါက သင့်အတွက် စိတ်အဆင်မပြေဖြစ်စေကြောင်း ပြောဆိုပါ။
  • လူစုံကြတဲ့အခါ စကားစပ်မိရင်း သင့်အကြောင်းကို ရောက်သွားရင် သင့်ရဲ့ လျှို့ဝှက်ချက်တစ်ခုခုကို သင်Sharingလုပ်ထားတဲ့သူအနေနဲ့ ဘာရယ်မဟုတ် ပြောမိသွားတာမျိုးတွေ ရှိနိုင်လို့ သင့်အနေနဲ့ အရင်ဆုံး သူ့ကို ပြောပြထားရမှာကတော့ သူ့ကိုယုံကြည်လို့ပြောပြထားတဲ့အရာ ဖြစ်တာကြောင့် သင့်ရဲ့Privacyကို လေးစားပေးဖို့နဲ့ အခြားသူတွေကို ပြန်လည်ပြောဆိုခြင်း မပြုဖို့ဘဲ ဖြစ်ပါတယ်။

ဒါလေးတွေကတော့ ဖြစ်တတ်တဲ့ ကိစ္စလေးတွေနဲ့ ထားသင့်တဲ့ Boundariesလေးတွေပဲ ဖြစ်ပါတယ်။ Boundariesတွေထားပြီး ဆက်ဆံခြင်းဟာ အစပိုင်းမှာ နေရခက်နိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သင့်အတွက် ပိုအဆင်ပြေလာနိုင်ပါတယ်။

နောက်ရက်တွေမှာလဲ Citta Sukha Page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကို ဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ အခြေအနေအမျိုးမျိုးကြောင့် Counseling service လိုအပ်ပါကလည်း Citta Sukhaရဲ့ Page cbမှာ လာရောက်ပြီး Booking လုပ်လို့ရပါတယ်ရှင့်။