Childhood Traumaတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ Relationship Pattern (၅)မျိုး

ကျွန်မတို့ရဲ့ကလေးဘဝမှာ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေဟာ အရွယ်ရောက်လာတဲ့အခါ ကျွန်မတို့ရဲ့ Relationshipတွေကိုလည်း သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ကုစားလို့လည်း ရနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကလေးဘဝတုံးက စိတ်ဒဏ်ရာတွေ​ပေါ်မူတည်ပြီး လက်တွဲဖော်ရှာတဲ့နေရာမှာ ရွေးချယ်မိတတ်ကြတဲ့ ပုံစံ(၅)မျိုးအကြောင်းကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။

🟨 သင့်ကိုအမြဲဝေဖန်အပြစ်တင် တတ်တဲ့ လက်တွဲဖော်ကို ရှာမိတတ်ခြင်း

✅သင်ဟာငယ်စဉ်ကတည်းက မိဘတွေဆီကနေ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခံမှုကိုရပြီး လုပ်သမျှကို ဘယ်တော့မှ အကောင်းမြင်မခံရခြင်း

✅မိဘတွေဆီက ဘယ်တော့မှ အသိအမှတ်ပြုမှု မခံရခြင်း

⚠️ဒါ့ကြောင့် အားငယ်စိတ်တွေနဲ့ အခုလိုမျိုး ဝေဖန်တတ်တဲ့ လက်တွဲဖော်ကို သဘောကျတတ်ကြတာ ဖြစ်ပါတယ်။

⚠️သင့်ကိုယ်သင် ထိုက်တန်တယ်လို့မခံစားရပဲအမြဲတစေ ချစ်သူရဲ့ လက်ခံမှုရရှိအောင်ကြိုးစားနေတတ်ကြပါတယ်။ ဒါဟာငယ်စဉ်က သင့်ရဲ့ဖြစ်တည်မှုကို အပြည့်အဝလက်ခံမှု(acceptance) မရရှိခဲ့တာကြောင့်ပါ။

⚠️သင်ဟာ အမြဲဒီလို ဝေဖန်မှုတွေနဲ့ နေလာတဲ့အတွက် ဒီလိုအပြစ်တင်ဝေဖန်မှုတွေကို red flag(သတိထားရမည့်အရာ) လို့လဲ မခံစားရကြတော့ပါဘူး။

🟨သင့်ရဲ့စိတ်ခံစားချက်တွေကို စိတ်မဝင်စား၊နားမလည်ပဲ သင့်ကိုဂရုမစိုက်တတ်တဲ့ လက်တွဲဖော်ကို ရှာမိတတ်ခြင်း

✅သင့်ရဲ့မိဘတွေဆီက စိတ်ဝင်စားမှုနဲ့ ဂရုစိုက်မှုတွေ မရရှိခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

✅သင့်ရဲ့မိဘတွေက သင့်ရဲ့ ခံစားချက်တွေကို စိတ်မဝင်စားခြင်း၊ လက်ခံမှုမရှိခြင်းကြောင့် မိဘတွေနဲ့ သင်က ဝေးကွာနေသလို ခံစားရခြင်း

⚠️ ဒါကြောင့် သင်ဟာ လစ်လျှူရူ့ ခံရခြင်းတွေနဲ့နေသားကျနေတတ်ပါတယ်။

⚠️ဒါကြောင့်ကြီးလာတဲ့အခါမှာ သင့်ရဲ့စိတ်ခံစားချက်တွေကို ဦးစားမပေးတတ်တဲ့သူမျိုး၊ ကိုယ့်ကိုကိုယ်သာ အလေးထားတတ်သူမျိုးကို ရှာဖွေတတ်ကြပါတယ်။

 

🟨သင်ထိန်းချုပ်လို့ရမဲ့ လက်တွဲဖော်ကိုရှာမိတတ်ခြင်း

✅ကိုယ့်လက်တွဲဖော်ကို ထိန်းချုပ်ချင်တဲ့သူတွေဟာ တစ်ယောက်ယောက်ရဲ့ စောင့်ရှောက်မှုလိုတဲ့သူ၊ ပြုပြင်ထိန်းကျောင်းတာကို ခံမဲ့သူ စတဲ့ သူတွေကို ရှာဖွေတတ်ပြီး လက်တွဲဖော်အပေါ်ကို မိဘတစ်ဦးလို ပြုမူတတ်ကြပါတယ်။

⚠️ဒါဟာ ငယ်စဉ် သင်ကိုယ်တိုင် ယခုလို တင်းကြပ်စွာ ထိန်းချုပ်ခံခဲ့ရတဲ့အတွက် လက်တွဲဖော်အပေါ် ပြန်ပြုမူတဲ့အခါ ကိုယ့်ကိုကိုယ် အားကြီးတဲ့ လူတစ်ယောက်အဖြစ် ခံစားရစေနိုင်ပါတယ်။

⚠️သင့်ရဲ့မိဘတွေဟာ သင့်ကို ကလေးလိုဆက်ဆံခဲ့ကြပြီး မိဘတွေဆီကနေ ယုံကြည်စိတ်ချရမှု မရရှိခဲ့ခြင်းကြောင့် ယခုလို ပုံစံဖြစ်လာရတာပဲ ဖြစ်ပါတယ်။

 

🟨 သင့်ကို ဦးဆောင်ထိန်းချုပ်နိုင်မဲ့ လက်တွဲဖော်ကို ရှာမိတတ်ခြင်း

✅သင်ဟာ လက်တွဲဖော်ကို အမြဲမှီခိုချင်နေတာမျိုး ဖြစ်နေတာဟာ သင့်ရဲ့ မိဘတွေအနေနဲ့ သင့်ကို အာဏာရှင်ဆန်ပြီး ကြမ်းတမ်းတဲ့ အုပ်ထိန်းမှုပုံစံနဲ့ ကြမ်းတမ်းစွာ အုပ်ထိန်းခဲ့ကြတာကြောင့် ဖြစ်နိုင်ပါတယ်။

⚠️ဒါ့အပြင် ကိုယ်ပိုင်လွတ်လပ်ခွင့် မရရှိခဲ့ဖူးတာကြာင့် Relationship ကိစ္စတွေမှာလဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလေ့မရှိဘဲ လက်တွဲဖော်ရဲ့ ဆုံးဖြတ်ချက်နောက်ကိုပဲ သင် လိုက်လေ့ရှိပါတယ်။

⚠️ သင်ဟာ လွတ်လပ်မှုကို မရရှိခဲ့တာကြောင့် ယခုလို ဖြစ်နေရတာပဲ ဖြစ်ပါတယ်။

 

🟨 သင့်ကို သစ္စာဖောက်နိုင်တဲ့ လက်တွဲဖော်ကို ရှာမိတတ်ခြင်း

✅ သင့်မိဘတွေဟာ တစ်ယောက်နဲ့တစ်ယောက် သစ္စာဖောက်တတ်ကြပါတယ်။ သစ္စာဖောက်တဲ့အခါမှာလဲ များသောအားဖြင့် အိမ်ထောင်ရေးဘက်မှာ ဖြစ်တတ်ပါတယ်။

✅သင့်မိဘတွေဟာဒီလို သစ္စာဖောက်တတ်ကြပေမဲ့ မိသားစုအတွင်းမှာတော့ ပုံစံမပျက် စံပြမိသားစုလို နေထိုင်တတ်ကြပါတယ်။

⚠️ ဒါ့ကြောင့် သင်တို့ကို သစ္စာဖောက်နိုင်တဲ့လက်တွဲဖော်ကို ရှာမိတတ်ကြတာ ဖြစ်ပါတယ်။

⚠️ သင်ဟာ ပွင့်လင်းမြင်သာမှုကို မရရှိခဲ့တာကြောင့်လဲ ဖြစ်ပါတယ်။

ကလေးဘဝအရွယ်မှာ မိဘတွေရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေနဲ့ ရင်းနှီးပြီး ကြီးပြင်းလာရတဲ့သူတွေမှာ ဒီပုံစံကို တွေ့ရတတ်ပါတယ်။ သူတို့ရဲ့မိဘတွေဟာ သစ္စာဖောက်ကြပေမဲ့ မိသားစုလို ဟန်မပျက်နေနေကြတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတာကြောင့် အထူးဆန်းလို့ မထင်ကြတော့ဘဲ သူတို့လက်တွဲဖော်ရှာတဲ့အခါမှာလဲ ဖောက်ပြန်နေရင်တောင် အဆင်ပြေအောင် နေနိုင်ကြတာပဲ ဖြစ်ပါတယ်။

🦋တစ်ခုသတိပြုရမှာကတော့ အပေါ်ဆုံးမှာ ပြောခဲ့သလို ကိုယ့်ရဲ့စိတ်ဒဏ်ရာတွေဟာ ကုစားလို့ရနိုင်တာကြောင့် ကိုယ့်ကိုကိုယ်အဆင်မပြေဘူးလို့ ခံစားရတဲ့အခါ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးနိုင်ပါတယ်။