dealing with toxi parents

အဆိပ်အတောက်ဖြစ်စေတဲ့ မိဘမျိုးနဲ့ကြုံခဲ့ရရင် ဘယ်လိုကုစားမလဲ?

မိဘနဲ့သားသမီးကြားမှာ တခါတရံမကျေလည်မှု့လေးတွေနဲ့ အဆင်မပြေဖြစ်တတ်ကြတာက ပုံမှန်ပါပဲနော်။ ဒါပေမဲ့ တချို့မိဘတွေကတော့ Self-centered Behaviors လို့ခေါ်တဲ့ အတ္တဗဟိုပြုတဲ့ အပြုအမူတွေနဲ့ သားသမီးကို ဆက်ဆံလေ့ရှိပါတယ်။ ဒါဟာ ကြာလာတဲ့အခါမှာတော့ သားသမီးဘက်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု့တွေဖြစ်လာပြီး မိသားစုချင်း ပိုပြီး အဆင်မပြေတော့တာမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်မှာ Toxic Parenting Styleနဲ့ ကြုံနေရရင် ဘယ်လိုလုပ်သင့်လဲဆိုတဲ့ အချက်လေးတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

Toxic Parents ဆိုတာဘာလဲ?

Toxic Parents တွေဟာ သားသမီးထက် သူတို့ရဲ့ ဆန္ဒနဲ့လိုအပ်ချက်တွေကိုပဲ ဦးစားပေးတတ်တဲ့ အတ္တကြီးလွန်းတဲ့မိဘပုံစံမျိုးပါ။

ဘယ်လို လက္ခဏာတွေရှိလဲ?

  • အတ္တကိုပဲဦးစားပေးပြီး သားသမီးက ကိုယ့်ကို လိုအပ်တဲ့အချိန်တွေမှာတောင် ဂရုစိုက်မှု့မပေးနိုင်ခြင်း။
  • အလိုမကျရင်လက်ပါတတ်ပြီး တခါတရံ လုပ်ခဲ့တဲ့အပြစ်ထက်ပိုတဲ့ ရိုက်နှက်မှု့တွေပြုလုပ်တတ်ခြင်း။
  • လူကြားသူကြားအော်ဟစ်ပြောဆိုခြင်း၊ ဆဲဆိုခြင်း၊ အပြစ်တင်ခြင်း။
  • ပုံမှန် မိဘမျိုးတွေက ကလေးကိုလမ်းမှားရောက်မှာဆိုးလို့ ထိန်းချုပ်တတ်တာပုံမှန်ဖြစ်ပေမဲ့ Toxic parentsတွေကတော့ သားသမီးက ထိန်းချုပ်နိုင်တဲ့အရာတွေကိုလဲ အမြဲတမ်းလိုတာထက်ပိုပြီး လိုက်ချုပ်ခြယ်တတ်ခြင်း။

ဒီလို မိဘမျိုးနဲ့ ကြုံခဲ့ရင် ဘယ်လိုလုပ်သင့်လဲ?

  • ပထမဆုံးအနေနဲ့ သူတို့ရဲ့အပြုအမူတွေ ပြောင်းလဲလာမယ်လို့ မျှော်လင့်နေတာတွေကို ရပ်ပြီး ကိုယ့်ကိုကိုယ် ပြောင်းလဲပါ။
    ဥပမာ – ကိုယ်မလုပ်ချင်တဲ့၊ ကိုယိမကြိုက်တဲ့အရာကို မိဘကလုပ်လာခဲ့ရင် အချက်အလက်နဲ့ပြန်ပြောပြီး မလုပ်နိုင်ရင် ငြင်းပါ။
  • ကိုယ့်ရဲ့ပျော်ရွှင်မှု့က ကိုယ့်အပေါ်မှာပဲမူတည်တယ်ဆိုတာ မေမ့ပါနဲ့။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် self careသေချာလုပ်ပါ။ အစားကောင်းကောင်းစားပြီး ကိုယ့်အတွက်အကျိုးရှိစေမဲ့ ဝါသနာပါရာလေး​တွေကို စလုပ်ကြည့်ပါ။
  • ကိုယ့်ကိုကိုယ်အပြစ်တင်တာမျိုးတွေမလုပ်ပါနဲ့။ ငယ်ငယ်က ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ မိဘတွေဆီက ချစ်ခင်ကြင်နာမှု့မရခဲ့တာဟာ သူတို့အတ္တကို ရှေ့တန်းတင်ခဲ့တာကြောင့်ဖြစ်ပြီး သင့်အပြစ်မပါလို့ “ငါအသုံးမကျလို့ ဒီလိုဂရုစိူက် မှု့မရတာ” ဆိုပြီး အပြစ်တင်တာမျိုးတွေ မလုပ်ပါနဲ့။ သင့်မိဘတွေက သင်မဟုတ်ပါဘူး။
  • ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ထုတ်ပြလို့ရမဲ့ နေရာမျိုးနဲ့ ပတ်ဝန်းကျင်တစ်ခုခုကိုရှာပါ။ ကိုယ့်ရဲ့ လိုအပ်ချက်ကို သေချာမြင်အောင်ကြည့်ပြီး တခြားသူတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။ ဒီလို မကြာခဏ ပြောခြင်းအားဖြင့် သင့်မိဘတွေ ထိန်းချုပ်ထားတဲ့ ခွင့်ပြုချက်တွေကို ငြင်းပယ်တဲ့နေရာမှာ အကူအညီဖြစ်စေမှာပါ။
  • ကိုယ့်စိတ်ကိုသက်သာရာရအောင် Healing လုပ်နေတဲ့အချိန်မှာ မိဘတွေလုပ်ခဲ့တဲ့ ဆိုးဝါးတဲ့ အရာတွေရှိခဲ့ရင် ဇွတ်ကြီး ခွင့်လွှတ်ဖို့မလိုပါဘူး။ ဖြည်းဖြည်းချင်း ကိုယ့်ကိုကိုယ် ပြန်တည်ဆောက်ပြီးမှ စဥ်းစားပါ။

Toxic Parentတွေရှိခဲ့ရင် လက်ခံဖို့ ခက်ခဲတာမို့ လိုအပ်ရင် တခြားမိတ်ဆွေတွေနဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေဆီက လိုအပ်တဲ့ အကူအညီတွေယူဖို့လဲ မတွန့်ဆုတ်ပါနဲ့နော်။

အားလုံးပဲ မိသားစုအချင်းချင်း နားလည်မှု့တွေနဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ relationshipတွေကို တည်ဆောက်နိုင်ပါစေ။